.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီမြို့နယ်၊ အေးသာယာမြို့နေ
မိန်းကလေးတစ်ဦး နိုဝင်ဘာလ ၂၄ ရက်၊ တန်ဆောင်မုန်းလပြည့် ညပိုင်းက တောင်ကြီးတန်ဆောင်တိုင်ပွဲ
သွားရောက်လည်ပတ် ရာမှ ပျောက်ဆုံးနေကြောင်း သိရသည်။
.
.
ပျောက်ဆုံးနေသူမှာ အေးသာယာမြို့၊ အမှတ် (၁၀) ရပ်ကွက်နေ
မနှင်းအိလှိုင် ဆိုသူဖြစ်ပြီး အိမ်ထောင်ရှိ အမျိုးသမီး တစ်ဦးဖြစ်ကာ ယနေ့အချိန်အထိ နေအိမ်သို့
ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“၂၄ ရက်ညက ပွဲထဲမှာ စတိတ်ရှိုးခုံဘက် အလည်သွားရင်း
သူ့တစ်ယောက်ထဲ လူကွဲပြီး ပျောက်သွားတာပါ” ဟု ပျောက်ဆုံးနေသူ မနှင်းအိလှိုင်၏ မိသားစုဝင်တစ်ဦးက
ပြောသည်။
.
အဆိုပါ ပျောက်ဆုံးနေသူ မနှင်းအိလှိုင်အား တွေ့ရှိပါက
ဖုန်းနံပါတ် ၀၉ ၇၉၁ ၂၂၀ ၂၉၂ သို့ ဆက်သွယ် အကြောင်းကြားပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။
.
ယင်းမိန်းကလေးငယ်အပြင် တောင်ကြီးတန်ဆောင်တိုင်ပွဲ
သွားရောက်လည်ပတ်ရာမှ ပျောက်ဆုံးနေသူအချို့လည်း ရှိပြီး ညောင်ရွှေမြို့မှ အမျိုးသား
၂ ဦးနှင့် ဟိုပုံးမြို့မှ မိန်းကလေးငယ်တစ်ဦးတို့လည်း ယနေ့အချိန်အထိ အဆက်အသွယ် မရ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း
သိရသည်။
.

No comments:
Post a Comment