.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်
.
အရှေ့တောင်အာရှနိုင်ငံတွေမှာ
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမှုတွေ ပြင်းထန်လာပြီးနောက် အဲဒီလုပ်ငန်း တွေဟာ
သီရိလင်္ကာဘက် ရွှေ့လာတာကြောင့် အွန်လိုင်းငွေလိမ်သူတွေကို ဖော်ထုတ်
နှိမ်နင်းနိုင်ဖို့ FBI က သီရိလင်္ကာ ရဲတပ်ဖွဲ့ကို
ကူညီပေးသွားမယ်လို့ အမေရိကန်သံရုံးက နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
.
.အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ဗီဇာစည်းမျဉ်းတွေ
ပိုလွယ်ကူပြီး အင်တာနက်လိုင်းကောင်းမွန် တာကြောင့် သီရိလင်္ကာ ကို
လုပ်ငန်းပြောင်းရွှေ့ဖို့ ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုအဖြစ် အသုံးပြုလာကြတယ်လို့
သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြော ပါတယ်။
.
အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်အရ FBI ဝန်ထမ်းတွေဟာ သီရိလင်္ကာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနည်းတွေ၊
ဒစ်ဂျစ်တယ်အထောက်အထား စစ်ဆေးနည်းတွေနဲ့ အမှုတည်ဆောက်တဲ့ နည်းလမ်းတွေကို
ကူညီပေးသွားမှာ ဖြစ်ပါ တယ်။
.
FBI အဖွဲ့ဟာ ဒီလအတွင်း သီရိလင်္ကာမှာ
တစ်ပတ်ကြာနေထိုင်ပြီး ဒေသခံစုံစမ်းစစ်ဆေးရေး အရာရှိတွေကို လေ့ကျင့် ပေးသွားမှာဖြစ်သလို
ငွေလိမ်ခံရသူတွေကို ဖော်ထုတ်တာ၊ ရာဇဝတ်မှု လုပ်ဆောင်ချက်တွေကို ခြေရာခံတာနဲ့
တာဝန်ရှိ သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အမှုတွေကို ပိုမိုခိုင်မာအောင်
တည်ဆောက်တာတွေမှာလည်း ကူညီ ပေးသွားမယ်လို့ အမေရိကန် သံရုံးက ပြောပါတယ်။
.
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ
အရှေ့တောင်အာရှတစ်ဝန်းမှာ အင်တာနက်အသုံးပြုသူတွေကို အချစ်ရေး အတု အယောင်တွေ၊ cryptocurrency
ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လောင်းကစား ပလက်ဖောင်း အတုတွေကတစ်ဆင့်
လိမ်လည် တဲ့ လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာကြပါတယ်။
.
အစပိုင်းမှာတော့ တရုတ်ဘာသာစကားပြောသူတွေကို
အဓိကပစ်မှတ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အွန်လိုင်းငွေလိမ် ဂိုဏ်းတွေဟာ
ဘာသာစကားအမျိုးမျိုးနဲ့ နိုင်ငံအများအပြားမှာ လုပ်ငန်းတွေ တိုးချဲ့လာပါတယ်။
.
ဒီလုပ်ငန်းတွေမှာ ပါဝင်သူတချို့က
ကိုယ်တိုင်လိုလိုလားလား လိမ်လည်သူတွေဖြစ်ပေမဲ့ တချို့ကတော့
လူကုန်ကူး ခံရပြီး အတင်းအကျပ် အလုပ်လုပ်ခိုင်းခံနေရတဲ့ နိုင်ငံခြားသားတွေ
ဖြစ်ပါတယ်။
.
သီရိလင်္ကာမှာ လုပ်ကိုင်နေတဲ့
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အပါအဝင် အာရှတစ်ဝန်း
က လူတွေကို ပစ်မှတ်ထားနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့်
နောက်ထပ်ပစ်မှတ်တွေထဲမှာ သီရိလင်္ကာနိုင်ငံသားတွေပါ ပါလာနိုင်တယ်ဆိုတဲ့
စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။
.
ဒီနှစ်အစကတည်းက သီရိလင်္ကာရဲတပ်ဖွဲ့ဟာ
ဆိုက်ဘာရာဇဝတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ နိုင်ငံခြား သား ၁,၁၀၀ ကျော်ကို ဖမ်းဆီးထားပြီး အများစုက တရုတ်၊ ဗီယက်နမ်နဲ့
အိန္ဒိယနိုင်ငံသားတွေ ဖြစ်ပါတယ်။
.
သီရိလင်္ကာဟာ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးအတွက်
တရုတ်နိုင်ငံထံကလည်း အကူအညီတောင်းခံထားပြီး တရုတ်နိုင်ငံက ပိုမိုနီးကပ်စွာ
ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။
.
ကိုလံဘိုမြို့ရှိ တရုတ်သံရုံးကတော့
ကမ္ဘောဒီးယား၊ မြန်မာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့မှာ အရေးယူ နှိမ်နင်းမှုတွေ
လုပ်ဆောင်ပြီးနောက် သီရိလင်္ကာမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တိုးလာ တယ်လို့
မတ်လအတွင်း ပြောထားပါတယ်။
.
Ref – CNA
.

No comments:
Post a Comment