.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလ ၁၃ ရက်အတွင်း
The Sphere အဖွဲ့မှ စေတနာ့ဝန်ထမ်း (Volunteer) အင်အား ၈၀ ကျော်ဖြင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ ကောက်ယူသိမ်းဆည်းခြင်း
နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
.
.ပွဲတော်ကာလတစ်လျှောက် Volunteer များကို အဖွဲ့ငယ်များခွဲ၍ နေ့စဉ် နံနက်တိုင်းအလှည့်ကျ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး
အမှိုက်ခြင်းများ ချထားပေးခြင်း၊ အမှိုက်ပုံများကို ပုံမှန်စစ်ဆေးခြင်း၊ အမှိုက်အိတ်များ
လဲလှယ်ပေးခြင်းနှင့် စွန့်ပစ်အမှိုက်များကို ကောက်ယူသိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့သည်ဟု
အဆိုပါအဖွဲ့ ထံက သိရသည်။
.
ထို့ပြင် ပွဲတော်နောက်ဆုံးရက်တွင်
စုဆောင်းရရှိထားသည့် အမှိုက်အိတ်များကို သေချာ စုစည်းကာ သတ်မှတ် နေရာတစ်ခုတွင်
စုပုံထားပေးခဲ့ပြီး အမှိုက်သိမ်းဆည်းရေးလုပ်ငန်း ဆောင်ရွက်သူများ
လာရောက်သိမ်းဆည်းရာတွင် အဆင်ပြေစေရန် စနစ်တကျ စီစဉ်ပေးခဲ့ကြောင်း သိရသည်။
.
အမှိုက်အသေးစားများမှအစ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့်
လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် အမှိုက်များကို စနစ်တကျ စွန့်ပစ်သိမ်းဆည်းသည့်
အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းလာစေရန် ရည်ရွယ်၍
အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ပွဲတော်ဝင်းအတွင်း အမှိုက်တွေကို ကောက်ယူရှင်းလင်းပြီး
သန့်ရှင်းသပ်ရပ်စေဖို့သာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့နဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတွေ ပိုမိုရရှိလာစေဖို့ ရည်ရွယ်လုပ်ဆောင် တာ
ဖြစ်ပါတယ်” ဟု The Sphere အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဖွဲ့အနေဖြင့်
အမှိုက်စီမံခန့်ခွဲရေးလုပ်ငန်းများအပြင် မြေအောက်ရေဖြည့်တင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း
ရေးနှင့် လေထုညစ်ညမ်းမှုလျော့ကျရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.jpg)
No comments:
Post a Comment