.
၂၀၂၆ ခုနှစ် ၊ မတ်လ ၁၆ ရက်
.
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ
ပဉ္စမနေ့အဖြစ် သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်များကို ယနေ့ မတ်လ ၁၆ ရက်၊
နံနက်ပိုင်းက ရှမ်းပြည်နယ်အတွင်းရှိ စာဖြေဌာနအသီးသီးတွင် ဆက်လက်ဖြေဆိုခဲ့ရာ
တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် ပျက်ကွက်သူ ၇၃၇ ဦး ရှိခဲ့ကြောင်း သိရသည်။
.
.သမိုင်းဘာသာရပ်အတွက် ဖြေဆိုရန် စာရင်းပေးထားသူ
ကျောင်းသား/သူ ၈၂၂ ဦး ရှိသည့်အနက် ၇၅၉ ဦး လာရောက်ဖြေဆိုခဲ့ပြီး ၆၃ ဦး ဖြေဆိုရန်
ပျက်ကွက်ခဲ့သည်။
.
ထို့အတူ ရူပဗေဒဘာသာရပ်အတွက် ဖြေဆိုရန်
စာရင်းပေးထားသူ ၁၆၉၃၉ ဦး ရှိသည့်အနက် ၁၆၂၆၅ ဦး လာရောက်ဖြေဆိုခဲ့ပြီး ၆၇၄ ဦး
ပျက်ကွက်ခဲ့သည်။
.
ထို့ကြောင့် ရှမ်းပြည်နယ်တစ်ခုလုံး
အတိုင်းအတာအနေဖြင့် ဘာသာရပ် ၂ ခုပေါင်း စာရင်းပေးထားသူ ကျောင်းသား/သူ ၁၇၇၆၁ ဦး
ရှိသည့်အနက် ကျောင်းသား/သူ ၁၇၀၂၄ ဦး လာရောက်ဖြေဆိုခဲ့ပြီး စုစုပေါင်း ဖြေဆိုသူ
ရာခိုင်နှုန်း ၉၅ ဒသမ ၈၅ ရာခိုင်နှုန်းရှိကာ ပျက်ကွက်သူ စုစုပေါင်း ၇၃၇ ဦး
ရှိခဲ့သည်။
.
မတ်လ ၁၇ ရက်တွင် ဘောဂဗေဒနှင့်
ဇီဝဗေဒဘာသာရပ်များကို ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
.



No comments:
Post a Comment