တောင်ကြီး၌ လမ်းလျှောက်သင်္ကြန် ပြုလုပ်မည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, March 16, 2026

တောင်ကြီး၌ လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်

.

၂၀၂၆ ခုနှစ် ၊ မတ်လ ၁၆ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည် ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပါ ထည့်သွင်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

.

.

“ ယိမ်းပြိုင်ပွဲတွေ လုပ်မယ်။ လမ်းလျှောက်သင်္ကြန် လုပ်မယ်။ အင်းလေးရေပေါ်သင်္ကြန်လုပ်မယ်။ စတုဒိသာ ကျွေးတာတွေ လုပ်မယ်။ ရှမ်းပြည်နယ်ဝန်ကြီးဌာန မဏ္ဍပ်တွေ မိန်းလမ်းပေါ်မှာ လုပ်မယ်။ အဓိက ကတော့ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းဝေးကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများက မဏ္ဍပ် တည်ဆောက်မည့် နေရာများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages