ကျိုင်းတုံမြို့နယ်တွင် ဘိန်းစိမ်း ကီလို ၄၀ ကျော် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, March 19, 2026

ကျိုင်းတုံမြို့နယ်တွင် ဘိန်းစိမ်း ကီလို ၄၀ ကျော် ဖမ်းမိ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မတ်လ ၁၇ ရက်၊ ညပိုင်းက ဘိန်းစိမ်းအလေးချိန် ကီလို ၄၀ ကျော်အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက်နေ့ ည ၁၁ နာရီခန့်က သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် အပေါ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင် လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၄၀ ဒသမ ၅ ကီလို၊ ဒေသကာလတန်ဖိုး ငွေကျပ် ၂၀၂ ဒသမ ၅ သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သို့ဖြစ်၍ ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသူ အပေါအား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

အလားတူ ယမန်နေ့ မတ်လ ၁၈ ရက်၊ နေ့လယ်ပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ နေအိမ်တစ်လုံးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် ၅၄ သိန်းနှင့် ဘိန်းဖြူ ၂၀ ဂရမ်၊ ဒေသ ကာလတန်ဖိုး ငွေကျပ် ၄ သိန်းတို့အား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages