မိုင်းရှူးတောင်ပေါ် ဝမ်ကန်ရွာတွင် အမှိုက်မသိမ်းနိုင်သဖြင့် လူထုအခက်ကြုံနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, March 19, 2026

မိုင်းရှူးတောင်ပေါ် ဝမ်ကန်ရွာတွင် အမှိုက်မသိမ်းနိုင်သဖြင့် လူထုအခက်ကြုံနေ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် တောင်ပေါ် ဝမ်ကန်ရွာတွင် အမှိုက်သိမ်းဆည်းမှု မရှိသဖြင့် အမှိုက်နှင့်အညစ်အကြေးများ၊ အနံ့အသက်များက လူထုကို ဒုက္ခပေးလျက်ရှိနေသည်ဟု ဒေသခံများ ထံက သိရသည်။

.

.

ယခင်က အမှိုက်သိမ်းကားဖြင့် သိမ်းဆည်းနေသော်လည်း လက်ရှိတွင် အမှိုက်သိမ်းကားပျက်နေသည် ဟုဆိုကာ အမှိုက်များ မသိမ်းဆည်းသဖြင့် ယခုလိုဖြစ်နေရသည်ဟု ဒေသခံများကပြောဆိုကြသည်။

.

“ကားပျက်တာကို  ပြင်မရတော့ဘူးဆိုရင်လည်း တခြားအစီအစဉ်လုပ်ပေးဖို့ တောင်းဆိုချင်တာပါ။ အခုက ဖိုး (ဆေး) သမားတွေကို ပိုက်ဆံပေးပြီးပစ်ခိုင်းနေရပေမဲ့ သူတို့ကလည်း အလွယ်တကူ စွန့်ပစ်ကြတော့ မြောင်း တွေပိတ်၊ အနံအသက်တွေမကောင်း၊ ကြွက်တွေ၊ ခွေးတွေ၊ ယင်တွေနဲ့ အမှိုက်တွေ ဖွေးဖွေးလှုပ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

ဝမ်ကန်ရွာတွင် အမှိုက်ကားပျက်သဖြင့် အမှိုက်ပစ်ရန် မူးယစ်ဆေးစွဲနေသူများကို ကျပ်ငါးထောင်၊ တစ်သောင်းကျပ်ပေး၍ အမှိုက်ပစ်ခိုင်းနေရသည် ဟု သိရသည်။

.

“ဒီအမှိုက်တွေ စွန့်ပစ်ရမယ့်နေရာအထိ ရောက်သွားဖို့ ပေးဆောင်ရတဲ့ငွေကို မကပ်တွက်ဘဲ တစ်နှစ်စာ ဆိုလည်း တစ်နှစ်စာအလိုက် ပေးဆောင်ခဲ့တာပါ။ အိမ်တိုင်းနီးပါး အမှိုက်တွေပုံနေတဲ့ကိစ္စကို အရင်လို အမှိုက်ကား ပုံမှန်ပြန်ထွက်နိုင်စေဖို့ ဝိုင်းဝန်းဖြေရှင်းပြီး စီစဉ်ပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။ နွေရောက် တော့မှာမို့ နွေအခါဆိုရင် အမှိုက်ပုံတွေ မီးထလောင်တတ်တဲ့ ကိစ္စကို တွေးထားသင့်ကြပါပြီ” ဟု ဝမ်ကန် ရပ်နေသူတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

မိုင်းရှူးဝမ်ကန်အုပ်ချုပ်ရေးပိုင်းမှ အမှိုက်ကားရှိစဉ် တာဝန်ယူ ရှင်းလင်းသယ်ဆောင်ပေးခဲ့သော်လည်း ယခု ကားပျက်နေ၍ အမှိုက်မသိမ်းဆည်းနိုင်ခြင်းအပေါ်  အခြားနည်းလမ်းများဖြင့် ဖြေရှင်းပေးနိုင်ရန် ဒေသခံ များက တောင်းဆိုလျက်ရှိကြောင်းသိရသည်။

.

ဝမ်ကန်တွင် ဈေး၊ အိမ်၊ လုပ်ငန်းသုံးအမှိုက် တစ်ရက်လျှင် အနည်းဆုံး တန် ၂၀ ခန့်ထွက်ရှိကြောင်း သိရသည်။

.

မိုင်းရှူးမြို့သည် တောင်အောက်ဖြစ်ပြီး ဝမ်ကန်မှာ တောင်ပေါ်အဖြစ်တည်ရှိနေကာ ယခင်က ကျောက်မျက် ရတနာ ထွက်သဖြင့် လူအများအပြား လာရောက်ခဲ့ကြသော်လည်း ယခုအခါ စည်ကားမှု မရှိတော့ဘဲ အိမ် အလွတ် အများအပြား ရှိနေကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages