.
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မတ်လ ၁၇ ရက်၊ နံနက်ပိုင်းက နှစ်လုံးထီ လောင်းကစားပြုလုပ်သူ တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
.
ကလောခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုနှင့် အောင်ပန်းနယ်မြေရဲစခန်း ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက်၊ နံနက် ၁၁ နာရီခန့်က ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၁)၊ ပိတောက်လမ်းရှိ ကောင်းသန့် ကွမ်းယာဆိုင်အား ဝင်ရောက်ရှာဖွေရာ စိုးတင့်(ခ)ငမုန်း အား နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော သက်သေခံပစ္စည်းများနှင့်အတူ ငွေစက္ကူရောရာ ၃၄၆၅၀၀ ကျပ်အား ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်ပါ၍ တရားမဝင်နှစ်လုံးထီလောင်းကစားပြုလုပ်သူ စိုးတင့်(ခ) ငမုန်းအား အောင်ပန်းနယ်မြေ ရဲစခန်းတွင် လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.



No comments:
Post a Comment