မူဆယ်တွင် ကျားဖြန့်လုပ်နေသူ ၈၅ ဦး ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, March 21, 2026

မူဆယ်တွင် ကျားဖြန့်လုပ်နေသူ ၈၅ ဦး ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ် မင်္ဂလာမူဆယ်၊ တော်ရွက်၊ ကောင်းမူးလွယ်ရပ်ကွက်များသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ မတ်လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန့်လုပ်ငန်း လုပ်ဆောင်နေသော တရုတ်နိုင်ငံသား ၈၅ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။


အွန်လိုင်းလိမ်လည်မှု ပြုလုပ်နေသည့် တရုတ် နိုင်ငံသားများနှင့် အတူ ဖုန်းမျိုးစုံ ၂၈၆ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ Laptop ကွန်ပျူတာ ၂၈ လုံးတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

.

#KBZTai  #Shan  #ကျားဖြန့်

No comments:

Post a Comment

Pages