တောင်ကြီး၌ ခေတ္တ ရပ်ထားသည့် ဆိုင်ကယ် ခိုးယူခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, March 21, 2026

တောင်ကြီး၌ ခေတ္တ ရပ်ထားသည့် ဆိုင်ကယ် ခိုးယူခံရ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဆိုင် တစ်ဆိုင်၏ ရှေ့၌ ခေတ္တ ရပ်ထားသည့် မော်တော်ဆိုင်ကယ် တစ်စီး ယမန်နေ့ ညနေပိုင်းက ခိုးယူခံရကြောင်း သိရသည်။
.
သစ်တောရပ်ကွက်၊ အထက (၁) ကျောင်းအနီး၊ Mini sushi ဆိုင်ရှေ့တွင် မတ်လ ၂၀ ရက်၊ ည ၇ နာရီခန့်က ရပ်ထားသည့် HONDA အဖြူရောင် မော်တော်ဆိုင်ကယ် တစ်စီး ခိုးယူခံရခြင်း ဖြစ်သည်။
.
" ဆိုင်သိမ်းနေတုန်း ရပ်ထားတာကို အခိုးခံရတာ။ ဘေးအိမ်က CCTV မှာ အသက် ၄၀ လောက် လူ တစ်ဦး သော့လိုမျိုးနဲ့ ခိုးသွားတာ တွေ့ရတယ်။ ရဲကို တိုင်ဖို့ စီစဥ်နေပါတယ်။" ဟု ပိုင်ရှင် ဖြစ်သူက ပြောသည်။

ယင်း ခိုးယူခံရသည့် ‌မော်တော်ဆိုင်ကယ်မှာ ငွေကျပ် ၅၈ သိန်းဖြင့် ဝယ်ယူထားသည်မှာ မကြာသေးကြောင်းနှင့် ဘေးအိမ်မှလည်း မကြာခင်ကပင် ဆိုင်ကယ် ၂ စီး အခိုးခံထားရပြီး ယခုထိ ပြန်မရသေးဟု ၎င်းက ဆိုသည်။

တောင်ကြီးမြို့တွင် ဆိုင်ကယ် ခိုးယူခံမှုများ မကြာခဏ ဖြစ်ပေါ်နေလျက် ရှိသော်လည်း ဖမ်းဆီးနိုင်မှု မရှိသလောက် နည်းပါးကြောင်း သိရသည်။
.
#KBZTai  #Shan  #News  #Crime

No comments:

Post a Comment

Pages