.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု
၁၀၅ မိုင်တွင် ယမန်နေ့ မတ်လ ၂၀ ရက်၊ နံနက်ပိုင်းက ၆ ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ်
တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.မိုင်းယု ၁၀၅ မိုင်၊ အောင်သီရိမင်္ဂလာဂျယ်ဆန်အနီးတွင်
မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က အမျိုးသမီး နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့်
၆ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်နောက်တွင်
လိုက်ပါစီးနင်းလာသည့် အသက် ၆၀ အရွယ်
အမျိုးသမီးတစ်ဦး ကျောရိုးကျိူးသွားပြီး ဆိုင်ကယ်မောင်းနှင်သူ အသက် ၄၀ အရွယ်အမျိုးသမီးမှာ
ယာ ခြေထောက်ကျိုးဒဏ်ရာ ရရှိသွားကြောင်း မူဆယ်မြို့ခံတစ်ဦးထံက သိရသည်။
.
“ခါးရိုးကျိုးတဲ့သူက ခေါင်းလည်းကွဲထားတော့
စိုးရိမ်ရတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ အရမ်းမောင်းတာ သတိထားကြရင် ဒီလိုမဖြစ်ဘူး” ဟုလူမှုကူညီသူတစ်ဦးက
ပြောသည်။
.
ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး ၂ ဦးကို
ပါရမီလူမှုကူညီရေးအသင်းက မူဆယ်မြို့ရှိ ရွှေမူဆယ်ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.



No comments:
Post a Comment