.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊
ညောင်ရွှေမြို့နယ်၊ ကံခေါင်းကျေးရွာအတွင်း ကြက်ဝိုင်း လောင်းကစား မကြာခဏ ပြုလုပ်နေသည့်အတွက်
ဒေသခံ ကျေးရွာသားများအနေဖြင့် ခိုးဆိုးလုယက်မှု အန္တရာယ် စိုးရိမ်နေရကြောင်း
သိရသည်။
.
.“ရွာထဲကို လူအဝင်အထွက် များလာတယ်။
လောင်းကစားလည်း ဖြစ်ပြန်တော့ ခေတ်ကာလ အရလည်း ခိုးတာ၊ လုတာတွေ များလာတော့ ရွာကလူတွေ
ကြောက်နေကြတယ်” ဟု ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ ကြက်ဝိုင်းသည် အပတ်စဉ် တစ်ပတ်လျှင် ၃
ရက်ခန့် ပြုလုပ်တတ်ပြီး သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ သော်လည်း အရေးယူမှုမရှိဘဲ
တိုင်ကြားသူအတွက် လုံခြုံမှုမရှိကြောင်း ၎င်းက ပြောဆိုသည်။
.
“ဒိုင်က နှစ်ယောက်၊ နသီးရယ်၊ ဗိုလ်ဉာဏ်ရယ်ပါ။
တောင်ကြီးအထိတိုင်လည်း မရဘူး။ ဒီနား တိုင်လိုက်ရင် ခဏတော့နားပြီး နောက်တစ်နေရာမှာ
ပြန်လုပ်တယ်။ တာဝန်ရှိသူတွေကလည်း လာဘ်ယူတယ်။ တိုင်တဲ့သူအတွက် လုံခြုံမှုမရှိဘူး။
အဲဒီတော့ တိုင်တဲ့ သူတွေက အသိမခံချင် ကြတော့ဘူး” ဟု အခြား ဒေသခံတစ်ဦးကလည်း
ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
ညောင်ရွှေမြို့မရဲစခန်းမှူး ဒုရဲမှူး ဝဏ္ဏကျော်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာ
တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။
.
ညောင်ရွှေမြိုနယ်တွင် အခြားသော
လောင်းကစားဝိုင်းများလည်း ရှိနေသေးသည်ဟု သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။
.



No comments:
Post a Comment