ရွှေညောင် အောင်သပြေတွင် လမ်းချော်ကာ ယာဉ်တိုက်မှုဖြစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, March 20, 2026

ရွှေညောင် အောင်သပြေတွင် လမ်းချော်ကာ ယာဉ်တိုက်မှုဖြစ်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်တွင် ယနေ့ မတ်လ ၂၀ ရက်၊ ညနေပိုင်းက မိုးရွာသွန်းသဖြင့် လမ်းချော်ကာ ကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီး ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ စွယ်တော်လမ်းခွဲတွင် ယနေ့ မတ်လ ၂၀ ရက်၊ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က အတက်လမ်းမှကားသည် လမ်းချော်ပြီး အဆင်းလမ်းဘက်သို့ ရောက်ရှိကာ တစ်ဘက် အဆင်း လမ်းမှ ဆင်းလာသည့် ကားနှင့် ဝင်ရောက်တိုက်မိခဲ့ပြီး နောက်မှ ကပ်လိုက်လာသည့် ဆိုင်ကယ်တစ်စီးနှင့် ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိဥသည်။

.

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသမီး ၂ ဦးနှင့် ကားပေါ်ပါ အဖွားအို ၁ ဦး၊ စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မဟာဝီရရက္ခိတလူမှုရေးအသင်း ယာဉ်ဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

ဓါတ်ပုံ - မဟာဝီရရက္ခိတလူမှုရေးအသင်း

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages