.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းးမြို့ရှိ
ရွှေဆိုင်တစ်ဆိုင်တွင် မတ်လ ၁၈ ရက်၊ နံနက်ပိုင်းက ဓားပြတိုက် လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.မိုင်းယောင်းမြို့ရှိ C1 ရွှေဆိုင်ကို
မတ်လ ၁၈ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က လူ ၄ ဦးမှ သေနတ်အရှည် ၁ လက်၊ အတို ၁ လက်ကိုင်ဆောင်ကာ
ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ရွှေထည်ပစ္စည်းများ လုယက်သွားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
“အဲဒီကားက လွန်ခဲ့တဲ့ရက်တွေကတည်းက ပတ်နေတာ။
ဒီရွှေဆိုင်တိုက်ဖို့ အကွက်ချနေတာလို့ ပြောကြ တယ်။ ဓားပြတိုက်ခံရချိန် ဘေးကဆိုင်မှာ
ဆိုင်ရှင်ကရှိနေတယ်လို့ သိရတယ်။ ရွှေ ၂၀ ကျပ်သား လောက် ပါသွားတယ်ကြားတယ်” ဟု မိုင်းယောင်းဒေသခံတစ်ဦးက
ပြောသည်။
.
မိုင်းယောင်းမြို့တွင် ဓားပြတိုက်မှု
မကြာခဏဖြစ်ပွားခဲ့ရာ ယမန်နှစ်အတွင်း ၂ ကြိမ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
.



No comments:
Post a Comment