ရှမ်းယူနိုက်တက်အသင်း ၆ နှစ်ဆက် ချန်ပီယံအဖြစ် မှတ်တမ်းဝင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, March 18, 2026

ရှမ်းယူနိုက်တက်အသင်း ၆ နှစ်ဆက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်

.

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ၂၀၂၅/၂၆ ခုနှစ် ဘောလုံးရာသီ၏ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ၆ နှစ်ဆက်တိုက် ချန်ပီယံအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

.


.

ယခုရာသီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ နောက်ဆုံး ပွဲစဥ် ၂၂ အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည် ယနေ့ မတ်လ ၁၈ ရက်၊ ညနေပိုင်းတွင် တောင်ကြီးကွင်း၌ ‌ယှဥ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို မြတ်ကောင်းခန့်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

.

ရှမ်းအသင်းသည် ၂၂ ပွဲ ကစား ၁၈ ပွဲနိုင်၊ ၄ ပွဲသရေ၊ ရမှတ် ၅၈ မှတ်ဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ယခုရာသီ ချန်ပီယံဆုဖလားကို ရယူကာ အနိုင်ရ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။။ 

.

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄- ၂၀၂၅ နှင့် ၂၀၂၅- ၂၀၂၆ ရာသီများတွင် ချန်ပီယံ ဖြစ်ခဲ့သည့်အတွက် ချန်ပီယံဆု ၇ ကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသကဲ့သို့ ပြိုင်ပွဲသမိုင်းတစ်လျှောက် ၆ ကြိမ် ဆက် ချန်ပီယံ၊ ၅ ကြိမ်ဆက် ရှုံးပွဲမရှိ ချန်ပီယံ အသင်းအဖြစ်လည်း  ရပ်တည်နေသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages