ဟိုပုံးမွေတော်ဘုရား ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ စတင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, March 22, 2026

ဟိုပုံးမွေတော်ဘုရား ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ စတင်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်


ငလျင်ဒဏ်ကြောင့် ပျက်ဆီးခဲ့ရသည့် ဟိုပုံးမြို့ ကျက်သရေဆောင် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး၏ ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

.

" ပြုပြင်နေတာက ပြောမယ်ဆိုရင်တော့ အခုမှ စ လုပ်နေတာဗျ၊ အခုမှ စလုပ်တာ ဆိုတော့ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်ဗျ။” ဟု လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဘုရားဂေါပက ဥက္ကဌ ဦးအောင်ဇော်ထွေး က ပြောသည်။


ယခု ၂၀၂၆ ခုနှစ်အတွင်း၌ ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကို အပြီး ဆောင်ရွက်မည် ဖြစ်ပြီး လုပ်ငန်းများ ပြီးစီးပါက ထီးတင်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

.

သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီး၌ အလှူငွေ (ရန်ပုံငွေ) မှာ ကျပ်သိန်း ၈၀၀၀ ခန့် ရှိကြောင်းလည်း သိရသည်။


" အလှူငွေ ရရှိမှု အခြေအနေက မနေ့ကအထိဆိုရင်တော့ သိန်း ၈၀၀၀ လောက်တော့ လက်ကျန်ပေါ့။ ငွေသားလက်ကျန်ပေါ့ သိန်း ၈၀၀၀ လောက်တော့ ရမယ်ဗျ။ လောလောဆယ် ကျန်တဲ့ ရွှေတွေ ဘာတွေ မပါတာတော့ လောက်သွားနိုင်ပါတယ်ဗျ။ အခု ကျွန်တော်တို့ စလုပ်တယ်ဆိုတော့ တောက်လျှောက်တော့ လှူကြတယ် မြို့သူမြို့သားတွေကတော့။" ဟု ဂေါပက ဥက္ကဌ က ဆိုသည်။

.

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ဟိုပုံးမြို့ ကျက်သရေဆောင် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး၏ ထီးတော် မြေခ ခဲ့ရသည့် အပြင် အခြားပျက်ဆီးမှုများလည်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Pages