ကုန်တင်ယာဉ်နှင့် တွဲယာဉ်ကြီးများ တောင်ကြီးမြို့ပေါ် ဖြတ်သန်းချိန် အရှိန်လျှော့မောင်းနှင်ပေးစေလို ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, March 18, 2026

ကုန်တင်ယာဉ်နှင့် တွဲယာဉ်ကြီးများ တောင်ကြီးမြို့ပေါ် ဖြတ်သန်းချိန် အရှိန်လျှော့မောင်းနှင်ပေးစေလို ဟုဆို

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းပေါ်သို့ ဖြတ်သန်းမောင်းနေသည့် တွဲယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများ အနေဖြင့် မြို့တွင်းသို့ ဖြတ်သန်းမောင်းနှင်ချိန်တွင် အရှိန်လျှော့မောင်းနှင်ရန် လိုအပ်နေကြောင်း သိရသည်။

.

.

ကုန်တင်ယာဉ်တွဲယာဉ်အချို့သည် အနောက်မြို့ပတ်လမ်းပေါ် ဖြတ်သန်းချိန်တွင် အရှိန်ပြင်းစွာ မောင်းနှင်  ခြင်း၊ လမ်းဆုံနေရာများတွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ကျယ်လောင်သည့် ဟွန်းများ အဆက်မပြတ်တီးခြင်းတို့ ပြုလုပ်တတ်သည့်အတွက် သက်ဆိုင်ရာက ကြပ်မတ်ပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“တွဲကားတွေ၊ ကုန်ကားတွေက တစ်နေကုန် ဖြတ်နေတာ။ လမ်းပေါ်ထွက်ရင် သူတို့ကို အမြဲသတိထားနေ ရတယ်။ ကားသမားတချို့က မောင်းတာကြမ်းတော့ တိုက်မိမှာစိုးရိမ်ရတာပေါ့။ မြို့ထဲ ဖြတ်တဲ့အချိန်တော့ အရှိန်လျှော့မောင်းဖို့လိုပါတယ်” ဟု တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းဘေးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

.

ကုန်တင်ယာဉ်ကြီးအချို့သည် ကျယ်လောင်သည့်ဟွန်းများ အဆက်မပြတ်တီးသည့်အတွက် လမ်းမဘေးတွင် နေထိုင်သည့် ပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေသည့်အပြင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး ဆိုင်ရာကိစ္စများလည်း ထိခိုက်စေနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

.

“တချို့ကားကြီးတွေက ဟွန်းအကျယ်ကြီးတွေတပ်ပြီး ဆက်တိုက်ကို တီးနေတာပေါ့။ ပတ်၀န်းကျင်အတွက် အနှောင့်အယှက် ဖြစ်သလို သက်ကြီးပိုင်းတွေ၊ ကျန်းမာရေး မကောင်းတဲ့လူတွေအတွက် တော်တော် ထိခိုက် စေပါတယ်” ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းသည် မြို့နေပြည်သူများ အသုံးပြုသွားလာမှု များပြားသည့်အပြင် ကုန်တင်ယာဉ်ကြီးများ၊ တွဲယာဉ်များ အဓိက ဖြတ်သန်းသွားလာနေသည့်လမ်း ဖြစ်သည့်အတွက် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် သတိပြုရန် လိုအပ်ပြီး ယင်းလမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများလည်း မကြာခဏ ဖြစ်ပွားတတ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages