ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် စိုင်းလုံကျော် ကို တင်မြှောက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, March 20, 2026

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် စိုင်းလုံကျော် ကို တင်မြှောက်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် စိုင်းလုံကျော် ကို ရှမ်းပြည်နယ်လွှတ်တော်က ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

.

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ပထမ‌နေ့ကို ယနေ့ မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် စိုင်းလုံကျော် ကို လည်းကောင်း၊ ဒုဥက္ကဌ အဖြစ် စိုင်းထွန်းစိန် ကို လည်းကောင်း အသီးသီး ရွေးချယ် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်၊

.

ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် စိုင်းလုံကျော် သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုဖြင့် ရှမ်းပြည်နယ်လွှတ်တော်၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် (ကိုယ်စားလှယ် အမှတ်-၂)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံရသူ ဖြစ်ပြီး ၎င်းသည် NLD အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။

.

ထို့အတူ ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် စိုင်းထွန်းစိန် သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုဖြင့် ရှမ်းပြည်နယ်လွှတ်တော်၊ မိုင်းပျဥ်းမြို့နယ် မဲဆန္ဒနယ် (ကိုယ်စားလှယ် အမှတ်-၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံရသူ ဖြစ်ကြောင်း သိရသည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၃၂ ဦး ရှိပြီး ယနေ့ ကျင်းပသော အစည်းအဝေး ပထမနေ့သို့ လွှတ်တော်ကိုယ်စားလှယ် အားလုံး တက်ရောက်ကြောင်း သိရသည်။

.

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးတွင် ပြည်ခိုင်ဖြိုး ပါတီမှ ၅၉ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ၂ဝ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) မှ ၁၁ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ၃ ဦး၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီမှ ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦး၊ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးတို့ အသီးသီး ပါဝင်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages