.
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်
.
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့်
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ ချမ်းမြ
View Point ကို ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း
သိရသည်။
.
.ချမ်းမြ View Point သည် အများပြည်သူ
သွားလာလည်ပတ်ရာ နေရာတစ်ခုဖြစ်ပြီး ယခုအခါ ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်ကာ ယခင်ထက်
ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေသည့်အတွက် ခေတ္တ ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
“အရင်က ညနေတွေဆို နီးနီးနားနား ဒီ View
Point မှာ နေဝင်ချိန်တွေလာကြည့်တယ်။ လာလည်တယ်။ နေရာလေးကလည်း
ထိုင်လို့ကောင်းတယ်လေ။ အခုကျတော့ ပြန်ပြင်နေတာဆိုတော့ ထိုင်စရာလည်းမရှိလို့
မရောက်ဖြစ်တာ ကြာပြီ” ဟု တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်နေ လူငယ်တစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ချမ်းမြ View Point သည် ဝဋ်ကြွေးတော်ကြေ ဆုတောင်းပြည့်စေတီတော် ကျောင်းတိုက်အတွင်း တည်ရှိပြီး
စေတီတော်ပရဝဏ်နေရာ ဖြစ်သည့်အတွက် အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊
ဂစ်တာတီး၊ သီချင်းဆို ကခုန်ခြင်းနှင့် မဖွယ်မရာကိစ္စများ မပြုလုပ်ကြရန် တားမြစ်ထားကြောင်း
သိရသည်။
.
ယခင်က View Point အတွင်းသို့
စက်ဘီးနှင့် ဆိုင်ကယ်များ ပေးဝင်ခဲ့သော်လည်း ယခု ပြုပြင်နေဆဲ ကာလတွင် အသွားအလာ ကန့်သတ်ထားကြောင်း
သိရသည်။
.



No comments:
Post a Comment