အဝေးပြေးယာဥ်လိုင်း စီးနင်းခများ ခုန်တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, March 24, 2026

အဝေးပြေးယာဥ်လိုင်း စီးနင်းခများ ခုန်တက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်


တောင်ကြီးမြို့မှ ရန်ကုန်၊ မန္တလေး စသည့် မြို့များသို့ ပြေးဆွဲရာ အဝေးပြေးယာဥ်လိုင်းများ၏ စီးနင်းခ ဈေးနှုန်းများ မြင့်တက်လာနေကြောင်း သိရသည်။

.

စက်သုံးဆီ အခက်အခဲကြောင့် ယာဥ်စီးနင်းခ ဈေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ပြီး စက်သုံးဆီ ဈေးနှုန်း အတက်/အကျ ပေါ် မူတည်၍ ယာဥ်စီးခ ဈေးနှုန်းများ ပြောင်းလဲနိုင်သည်ဟု ယာဥ်လိုင်းဂိတ်များထံမှ သိရသည်။

.

" ဆီဈေးက တက်လာတော့ ကားခတွေလည်း တက်လိုက်ရတဲ့ သဘောပါ။ ဆီဈေး ထပ်တက်ရင် ကားခလည်း ထပ်တက်နိုင်တယ်၊ ပြန်ကျရင် ကားခလည်း ပြန်ကျမှာပါ။ ခုချိန်မှာတော့ အတိအကျ မပြောနိုင်သေးပါဘူး။" ဟု အဝေးပြေးယာဥ်လိုင်းဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

ယာဥ် စီးနင်းခ အနေဖြင့် တောင်ကြီး - ရန်ကုန်အတွက် ယခင်က ၄၅၀၀၀ ကျပ် ဝန်းကျင်မှ ယခုတွင် ၆၅၀၀၀ ကျပ် ဝန်းကျင်သို့ လည်းကောင်း၊ တောင်ကြီး - မန္တလေးအတွက် ယခင်က ၃၀၀၀၀ ကျပ် ဝန်းကျင်မှ ၄၃၀၀၀ ကျပ် ဝန်းကျင်သို့ လည်းကောင်း ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကာ ယာဥ်လိုင်းအလိုက် ဈေးနှုန်း ကွာဟမှု ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

.

ယ‌နေ့ မတ်လ ၂၄ ရက်နေ့ စက်သုံးဆီ ဈေးနှုန်းအနေဖြင့် ရွှေတံခါး စက်သုံးဆီ အရောင်းဆိုင်၌ တစ်လီတာလျှင် ဒီဇယ် ၄၅၁၅ ကျပ်၊ ပရီမီယံ ၄၉၄၅ ကျပ်၊ ဓါတ်ဆီ(92) ၃၇၃၅ ကျပ်၊ ဓါတ်ဆီ(95) ၃၉၇၅ ကျပ် ရှိပြီး အရောင်းဆိုင်အလိုက် ဈေးနှုန်း ကွာဟမှုရှိကာ နယ်မြို့များတွင်မူ တစ်လီတာလျှင် တစ်သောင်းကျပ်ထိ ဈေး ရှိနေကြောင်းလည်း သိရသည်။

.

လက်ရှိတွင် အများပြည်သူများ စက်သုံးဆီ ဝယ်ယူ ရရှိရေးအတွက် ခက်ခဲမှုများ ဖြစ်ပေါ်နေကာ ဈေးနှုန်း မြင့်တက်လာမှုဒဏ်ကိုလည်း ခံနေကြရသည်။

No comments:

Post a Comment

Pages