၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ -တာချီလိတ်လမ်းတွင် ယနေ့ မတ်လ ၂၃ ရက်၊ ညနေ ၄ နာရီခန့်က သာသနာရေးအဝါရောင် နံပါတ်ပြားတပ် မော်တော်ယာဥ် တစ်စီး တိမ်းမှောက်၍ သီလရှင် တစ်ပါး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဥ်သည် တာချီလိတ်မြို့ရှိ မေတ္တာကမ္မဌာန်းကျောင်းမှ ဖြစ်ပြီး ကားလမ်းတစ်ဘက်ခြမ်းရှိ တောင်နံရံဘက်သို့ တစ်စောင်းလဲကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဥ် တိမ်းမှောက်မှုကြောင့် သီလရှင် တစ်ပါး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဒဏ်ရာရ သီလရှင်ကို တိုင်းနေနာရေးကူညီမှုအသင်းက ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
Source - တိုင်းနေနာရေးကူညီမှုအသင်း
.
#KBZTai #Shan #Kungtung #Crime
Monday, March 23, 2026
ကျိုင်းတုံ - တာချီလိတ်လမ်းတွင် ကားမှောက်၍ သီလရှင် တစ်ပါး ဒဏ်ရာရ
Tags
# မှုခင်း
# ရှမ်းရှေ့
Share This
About Kanbawza Tai News
ရှမ်းရှေ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment