၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်
ယခုအခါ သင်္ကြန်အကြိုကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း တောင်ကြီးမြို့မဈေးအတွင်း ဈေးအရောင်း အဝယ် ပါးနေပြီး ဈေးနေ့ရက်များတွင်ပင် ယခင်ကဲ့သို့ ပုံမှန် ရောင်းချရမှု မရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် နှစ်များက သင်္ကြန်အကြိုကာလတွင် ဈေးအရောင်းအဝယ် ကောင်းခဲ့သော်လည်း ယခုနှစ်တွင် အရောင်းအဝယ် ပုံမှန်ထက် နည်းပါးနေပြီး မတ်လ ၂၅ ရက်၊ ဈေးနေ့တွင်ပင် ဈေးဝယ်သူ မရှိသလောက် နည်းပါးခဲ့ကာ ဟင်းသီး ဟင်းရွက်နှင့် အသားငါးသည်များမှာ နေ့လယ်ပိုင်းအထိ မရောင်းချရသဖြင့် အများအပြား ကျန်ရှိသူများ ရှိခဲ့ကြောင်း သိရသည်။
.
“ဈေးနေ့ကို ဈေးရောင်း ပါးတာပါ။ နေ့လယ်အထိ မသိမ်းရသေးဘူး။ ပစ္စည်းကုန်အောင် ရောင်းဖို့ ခက်တယ်။ ဆီကလည်း တန်းရသေး၊ အလုပ်ပျက် အကိုင်ပျက်နဲ့ ဈေးကလည်း ရောင်း မကောင်းဘူး” ဟု တောင်ကြီး မြို့မဈေးအတွင်း ကုန်စိမ်းရောင်းချသူ အမျိုးသမီးတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့မဈေးမှာ နှစ်စဉ် သင်္ကြန်အကြိုကာလတွင် ဒေသတွင်း ပုံမှန်ဈေးဝယ်သူများအပြင် ခရီးသွား ဧည့်သည်များဖြင့် စည်ကားတတ်ပြီး ယခုနှစ်တွင်မူ စက်သုံးဆီ အခက်အခဲကြောင့် ခရီးသွားများလည်း ဝင်ရောက်မှု မရှိသလို ဈေးလာသူ နည်းပါးနေကြောင်း သိရသည်။
.
စက်သုံးဆီ ဝယ်မရခြင်းနှင့် ဆီဈေး အဆမတန် တက်လာခြင်းတို့ကြောင့် အများပြည်သူ စားဝတ်နေရေး အတွက် အခက်အခဲများ ဖြစ်ပေါ်နေပြီး ခရီးသွားမော်တော်ယာဉ်လိုင်းအချို့လည်း ရပ်နားရမည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
Vedio - တောင်ကြီးဈေးနေ့ မြင်ကွင်း
.
#KBZTai #Shan #Taunggyi


No comments:
Post a Comment