စက်သုံးဆီအခက်အခဲ ရှိသော်လည်း တောင်ကြီး-ဟိုပုံး လိုင်းကားများ ပုံမှန်အတိုင်း ပြေးဆွဲပေးမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, March 26, 2026

စက်သုံးဆီအခက်အခဲ ရှိသော်လည်း တောင်ကြီး-ဟိုပုံး လိုင်းကားများ ပုံမှန်အတိုင်း ပြေးဆွဲပေးမည်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်


စက်သုံးဆီ အခက်အခဲ ဖြစ်ပေါ်နေသော်လည်း တောင်ကြီး-ဟိုပုံး ပြေးဆွဲနေသည့် ယာဉ်လိုင်းအနေဖြင့် ခရီးသည် ရရှိမှုအပေါ် မူတည်၍ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက် ရှိသည်ဟု သိရသည်။

.

“ ယာဉ်လိုင်း အနေနဲ့ကတော့ ခရီးသည်ရှိရင် ရှိသလို ပြေးဆွဲပေးနေမှာပါ။ အဓိက ကတော့ ဆီထုတ်ရ ခက်ခဲတာပေါ့။ ထုတ်ချင်တိုင်း ထုတ်လို့ မရဘူး။ တန်းစီရတယ်။ ခရီးသည် ပါရင်လည်း နှောင့်နှေးတာပေါ့။ ဆီကို လုံလုံလောက်လောက် ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ” ဟု တောင်ကြီး-ဟိုပုံး ပြေးဆွဲနေသည့် ယာဉ်လိုင်း ဂိတ်မှူး ဦးဝင်းနိုင်ထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။


တောင်ကြီး-ဟိုပုံး ယာဉ်လိုင်းအနေဖြင့် ယာဉ်စီးနင်းခ တိုးမြှင့် ကောက်ခံခြင်း မရှိဘဲ ယခင်အတိုင်း ခရီးသည် တစ်ဦးလျှင် ၃၀၀၀ ကျပ် ကောက်ခံပြီး ကုန်ပစ္စည်း တန်ဆာခများကိုသာ အနည်းငယ် တိုးမြှင့် ကောက်ခံသွားရန် ရှိနေသည်ဟု ၎င်းထံက သိရသည်။

.

“ ကုန်ပစ္စည်း (တန်ဆာခ) မှာတော့ နည်းနည်း တက်မယ်။ ၁၀ ရာခိုင်နှုန်းလောက် တက်မယ်။ ခုလောလောဆယ်တော့ မတက်သေးဘူး၊ လကုန် အစည်းအဝေး ထိုင်ပြီးမှ တက်မယ်။ ” ဟု ဦးဝင်းနိုင်ထွေး က ဆိုသည်။

.

လိုင်းကားများ အတွက် ဆီထည့်ရန် စုံ/မ ရက် ခွဲခြားထားခြင်း မရှိဘဲ တစ်ရက်လျှင် ဒီဇယ် ၅၀၀၀၀ ကျပ်ဖိိုး ဝယ်ယူနိုင်ပြီး လက်ရှိတွင် စက်သုံးဆီ ဝယ်ယူရန် အခက်အခဲများကြောင့် လိုင်းကားစီးနင်းသူ ပိုမို များပြားလာကြောင်း သိရသည်။

.

#KBZTai #Shan #HoPong

No comments:

Post a Comment

Journal Download

Photo of three cats

Pages