လယ်ယာသုံး စက်များအတွက် စက်သုံးဆီ ဝယ်ယူခွင့် မရ၍ တောင်သူများအခက်ကြုံ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, March 28, 2026

လယ်ယာသုံး စက်များအတွက် စက်သုံးဆီ ဝယ်ယူခွင့် မရ၍ တောင်သူများအခက်ကြုံ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်


လယ်ယာသုံး စက်ကိရိယာများအတွက် စက်သုံးဆီ ဝယ်ယူခွင့် မရသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

“ဆီကို ပုံးနဲ့ မရောင်းပေးဘူးလို့ ပြောတယ်။ အာလူးတွေ၊ ကြက်သွန်ဖြူတွေ ခြောက်ကုန်ပြီ။ မီးရှို့ရတော့မယ်။ ဆီက မရှိဘူး။ ဆေးဖြန်းပုံးလည်း ဖြန်းဖို့လိုတယ်။ ဆီ မရှိတော့ လူနဲ့ထမ်းပြီး ဖြန်းရတော့မယ်” ဟု ရေခြံစိုက် တောင်သူတစ်ဦးက ပြောသည်။

.

ထို့အတူ ကြံစိုက်တောင်သူများအနေဖြင့်လည်း စက်သုံးဆီ ဝယ်မရသဖြင့် ကြံရိတ်သိမ်းရန်နှင့် ကြိတ်ခွဲ တင်လဲရည် ထုတ်ယူရန် လုပ်ဆောင်နိုင်ခြင်း မရှိဘဲ လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။

.

လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်ကြီးများ၌ ဆီကို ယာဉ်သက်သေခံ ဝှီးတက်ပါ QR Code၊ Bar Code တို့ဖြင့်သာ ရောင်းချပေးနေသည့်အတွက် လယ်ယာကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုသည့် စက်ယန္တရားများအတွက် စက်သုံးဆီ ဝယ်ယူ၍ မရနိုင်ဘဲ အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ကုန်တင်ကားများမှာလည်း စက်သုံးဆီ လုံလောက်စွာ မရရှိသဖြင့် လယ်ယာထွက်ကုန်များကို တင်ပို့နိုင်မှု လျော့ကျနေပြီး ကားခများမှ ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။.ယခုလို စက်သုံးဆီအခက်အခဲကြောင့် တောင်ယာလုပ်ငန်းများ ရပ်နားလာရပါက ကုန်ဈေးနှုန်း မြင့်တက်မှု နှင့်အတူ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနားများ ထပ်မံကြုံတွေ့လာရနိုင်ကြောင်း တောင်ကြီးဒေသခံများက ပြောဆိုကြသည်။

.

#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages