အောင်ပန်းတွင် ငလျင်ကြောင့် သေဆုံးခဲ့သူများအား ရည်စူး၍ တစ်နှစ်ပြည့် ဆွမ်းဆက်ကပ်လှူဒါန်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, March 28, 2026

အောင်ပန်းတွင် ငလျင်ကြောင့် သေဆုံးခဲ့သူများအား ရည်စူး၍ တစ်နှစ်ပြည့် ဆွမ်းဆက်ကပ်လှူဒါန်း

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်

.

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဟိုတယ်အောင်ပန်း တွင် အသက်ဆုံးရှုံးခဲ့သူများအား ရည်စူး၍ တစ်နှစ်ပြည့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ မတ်လ ၂၈ ရက်၊ နံနက်ပိုင်းက အောင်ပန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို အောင်ပန်းမြို့ရှိ မြို့အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ပြုလုပ်ခဲ့ပြီး အောင်ပန်းမြို့၊ အောင်ချမ်းသာကျောင်းတိုက်မှ ပင့်သံဃာ ၅ ပါးအား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ အောင်ပန်းမြို့၊ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နာရေးကူညီမှုအသင်းများ၊ သွေးလှူရှင်အသင်းများ၊ ကြက်ခြေနီအသင်း၊ မြို့ဖွံ့ဖြိုးရေးအဖွဲ့နှင့် ဟိုတယ် အောင်ပန်းပိုင်ရှင် ဦးစိန်ဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ဟိုတယ်အောင်ပန်း အဆောက်အဦ ပြိုကျခဲ့ရာ ဟိုတယ်ဝန်ထမ်း ၇ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages