.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့
မတ်လ ၂၆ ရက်က နေအိမ်ဖောက်ထွင်း ခိုးယူသူ ၂ ဦးကို ခိုးယူသွားသည့် သက်သေခံ ပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.လားရှိုးမြို့၊ ရပ်ကွက် (၇)၊ အောင်ရတနာလမ်းရှိ နေအိမ်တစ်လုံးတွင်
မတ်လ ၂၅ ရက်က ရွှေဆွဲကြိုးတစ်ကုံး၊ ငွေသား ကျပ်တစ်သိန်း၊ ဘက်ထရီအိုးကြီး ၂ လုံးနှင့်
မီးစက်တစ်လုံးတို့ ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပစ္စည်းများအား ဖောက်ထွင်းခိုးယူခဲ့သူ ကျော်ကျော်ဦး
(ခ) ကျော်ကြီးနှင့် မင်းမင်း (ခ) ရခိုင် တို့နှစ်ဦးအား ၎င်းတို့ ခိုးယူသွားသည့် ပစ္စည်းများ၊
ဖောက်ထွင်းခိုးယူရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ယမန်နေ့ မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက
ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ရပ်ကွက်က သူတို့ကို မသင်္ကာလို့ ရဲကို
သတင်းပေးလိုက်တာမှာ မိတာ” ဟု လားရှိုးမြို့၊ ရပ်ကွက် (၇) နေ ဒေသခံတစ်ဦးက ပြောသည်။
.
ဖောက်ထွင်းခိုးယူသွားသည့် ပစ္စည်းများအနက်
ရွှေဆွဲကြိုးကို ၎င်းတို့ထံမှ တွေ့ရှိရပြီး ကျန်ပစ္စည်းများကိုမူ ရပ်ကွက် (၁၂) အတွင်းမှ
ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။
.



No comments:
Post a Comment