၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ကွက်(၁)၌ နေထိုင်သော သားဖ နှစ်ဦးသည် ယမန်နေ့ မတ် ၂၇ ရက်၊ နေ့လယ်ပိုင်းတွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူများသည် ညောင်ရွှေမြို့ ၊ နန္ဒဝန်ရပ်ကွက်(၁)၊ တိုးချဲ့ကွက်သစ်မြောက်ပိုင်းတွင် နေထိုင်ကြသူများ ဖြစ်ပြီး ဖခင်ဖြစ်သူတွင် ယာဘက် လက်ဖျံရိုး ကျိုး၊ ယာဘက်ဦးခေါင်းဖူးယောင် ဒဏ်ရာ၊၊ ယာဘက်ဒူးဆစ်ကျိုး ဒဏ်ရာများဖြင့် လည်းကောင်း၊ သားဖြစ်သူတွင် လည်ပင်းပြတ်ရှ ဒဏ်ရာ အစာပြွန်/ လေပြွန်/ အသက်ပင်မသွေးကြော ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း အသီးသီး သေဆုံးရခြင်း ဖြစ်သည်ဟု သိရသည်။
.
သေဆုံးသူများ စိတ်ပုံမှန် မဟုတ်သူများ ဖြစ်ပြီး ၎င်းတို့နှင့် အတူ အခြားမိသားစုဝင် တစ်ဦး အတူ နေထိုင်သော်လည်း အခင်း ဖြစ်ပွားချိန်တွင် အဝတ်လျှော်နေသည့်အတွက် ဖြစ်စဉ်အား မသိရှိခဲ့ရဘဲ အသံ ကြား၍ ကြည့်မိမှသာ ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
လူမှုကွန်ရက်တွင်မူ ဖခင်ဖြစ်သူမှ သားဖြစ်သူအား သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း တာဝန်ရှိသူများကမူ အတည်ပြုခြင်း မရှိဘဲ သေဆုံးသူများ အပေါ် အသက် သေဆုံးသည်အထိ ပြုမူခဲ့သူ (အမည်မသိ) အား ဥပဒေအရ ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ရန် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရှိသည်။
.
#KBZTai #Shan #NyaungShwe
Saturday, March 28, 2026
ညောင်ရွှေတွင် သားဖ နှစ်ဦး ဒဏ်ရာများဖြင့် သေဆုံး
Tags
# ညောင်ရွှေ
# မှုခင်း
# ရှမ်းတောင်
Share This
About Kanbawza Tai News
ရှမ်းတောင်
Tags
ညောင်ရွှေ,
မှုခင်း,
ရှမ်းတောင်
Subscribe to:
Post Comments (Atom)



No comments:
Post a Comment