လားရှိုးတွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်၍ သစ်ကိုင်းများကျိုးကျကာ နေအိမ်တစ်ပျက်စီး၊ စေတီတစ်ဆူ ထိခိုက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, March 18, 2026

လားရှိုးတွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်၍ သစ်ကိုင်းများကျိုးကျကာ နေအိမ်တစ်ပျက်စီး၊ စေတီတစ်ဆူ ထိခိုက်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မတ်လ ၁၆ ရက်၊ နေ့လယ်ပိုင်းက မိုးသည်းထန်ပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးကာ စေတီတော်တစ်ဆူ ထိခိုက်သွားခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ မိုးရွာသွန်းမှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၉) ရှိ နေအိမ်တစ်လုံး ပျက်စီးပြီး စေတီတော်တစ်ဆူ ထီးတော် တိမ်းစောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“လူတွေတော့ မထိပါဘူး။ အိမ်အမိုး​ပေါက်ပြဲကုန်တယ်။ စေတီထီးတော် တိမ်းစောင်းတယ်။ သွပ်တွေတော့ လိုက်ကောက်ရတာပေါ့” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

.

ကျိုးကျနေသည့် သစ်ကိုင်းသစ်ပင်များကို မီးသတ်တပ်ဖွဲ့နှင့် ကမ်းလင့်လက်များပရဟိတအသင်းများက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

.

ထို့အပြင် မတ်လ ၁၅ ရက်နေ့လယ်ပိုင်းကလည်း လားရှိုးတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မိုးသီးအများအပြားကြွေကျခဲ့သေးသည်။

.

မိုးလေဝသပညာရှင် ဒေါက်တာစိုင်းခွန်အာကာက လာမည့်မတ်လ ၂၀ရက်မှ ၂၂ရက်အတွင်း   နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းဒေသများမှာ အပူကြောင့်ဖြစ်သည့် မိုးတိမ်တိုက်များကြောင့် ရုတ်တရက် ကွက်ကျားမိုး ရွာနိုင်ပြီး မိုးနှင့်အတူ မိုးခြိမ်း၊ မိုးကြိုးပစ်၊ မိုးသီးကြွေ၊ လေပြင်းတိုက်သည်များပါ ကြုံရနိုင်ကြောင်း ခန့်မှန်းထားသည်။

.

ဓါတ်ပုံ - ကမ်းလင့်လက်များလူမှုကူညီရေးအသင်း

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages