ကျိုင်းတုံတွင် လူသတ်ဓားပြတိုက်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, March 22, 2026

ကျိုင်းတုံတွင် လူသတ်ဓားပြတိုက်မှု ဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်

CCTV မှတ်တမ်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယမန်နေ့ မတ်လ ၂၁ ရက်၊ ညနေပိုင်းက လူသတ် ဓားပြတိုက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

ကျိုင်းတုံမြို့၊ ရပ်ကွက် (၄)၊ နောင်ခမ်းမီးပွိုင့်အနီးရှိ နေအိမ်တစ်အိမ်သို့ လူငါးဦးပါ အဖွဲ့က အိမ်စီးမော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဓားပြတိုက်ကာ အိမ်ရှင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဓားပြများ၏ ပစ်ခတ်မှုကြောင့် အိမ်ရှင်ဖြစ်သူ ‌သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှူးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ခရီးသွားနေသည့်အတွက် ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

.


ထွက်ပေါ်လာသော CCTV မှတ်တမ်းများအရ လူငါးဦးသည် ကားတစ်စီးဖြင့် ရောက်ရှိလာပြီး လေးဦးက ပစ္စတိုသေနတ်ကိုင်ကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့ရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

.

Video - Moe Hnin Si

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages