ဆီဈေး မြင့်တက်မှုကြောင့် နမ့်ပန်-တောင်ကြီးလိုင်းကား ယာဉ်စီးခ ၁၀၀၀ ကျပ် တိုးကောက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, March 27, 2026

ဆီဈေး မြင့်တက်မှုကြောင့် နမ့်ပန်-တောင်ကြီးလိုင်းကား ယာဉ်စီးခ ၁၀၀၀ ကျပ် တိုးကောက်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်

.

စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် နမ့်ပန်-တောာင်ကြီး ပြေးဆွဲပေးနေသည့် လိုင်းကားများ၏ ယာဉ်စီးခကို ၁၀၀၀ ကျပ်စီ တိုးမြှင့်ကောက်ခံထားကြောင်း သိရသည်။

.



.

“ခရီးသည်တစ်ဦးကို ၁၀၀၀ ပဲ တက်တာပါ။ နမ့်ပန်-ညောင်ရွှေ-တောင်ကြီးကို အရင်က ၅၀၀၀ ကောက် ပါတယ်။ အခု ၆၀၀၀ ပါ။ ဆီဈေးကျရင်လည်း ပြန်ချပေးမှာပါ” ဟု တောင်ကြီး-နမ့်ပန်ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုဇေယျာထွေး က ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

လိုင်းကားတစ်စီးလျှင် တစ်နေ့ ဆီ ၅ သောင်းဖိုးသာ ဝယ်ယူနိုင်ပြီး တောင်ကြီးမှ နမ့်ပန်အထိ ၃၆ မိုင် ကွာဝေး သည့်အတွက် ဆီလောက်ငမှု မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

နမ့်ပန်-တောင်ကြီး ယာဉ်လိုင်းတွင် လိုင်းကားစုစုပေါင်း ၂၁ စီးရှိပြီး တစ်ရက်လျှင် ပျှမ်းမှ ၅ စီးခန့် ပြေးဆွဲနေကာ ကားအချို့မှာ ဆီမလောက်ငသည့်အတွက် ရပ်နားထားရကြောင်း သိရသည်။

.

ယနေ့ တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၄၅၇၅ ကျပ်၊ 95 တစ်လီတာလျှင် ၅၁၀၀ ကျပ်၊ ရိုးရီုးဒီဇယ် တစ်လီတာလျှင် ၅၅၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၂၁၀ ကျပ် ဖြစ်ကာ ယမန်နေ့ ဈေးထက် ၈၀၀ မှ ၁၀၀၀ ကျပ်အထိ ဈေးထပ်မံမြင့်တက်လာခြင်း ဖြစ်သည်။

.


No comments:

Post a Comment

Journal Download

Photo of three cats

Pages