တောင်ကြီးမြို့၌ မီးလောင်မှု ဖြစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, March 27, 2026

တောင်ကြီးမြို့၌ မီးလောင်မှု ဖြစ်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်း ထောင့်ရှိ နေအိမ်တစ်လုံး ယနေ့ မတ်လ ၂၇ ရက် ၁၀ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


" အိမ်နဲ့ ဆိုင်ကယ်တော့ မီးလောင် ပျက်ဆီးတာ တွေ့ရတယ်။ လူတွေ ဘာတွေတော့ ထိခိုက်တာ မရှိပါဘူး။ " ဟု မီးလောင်ရာ နေရာသို့ သွားရောက် ကူညီသူ တစ်ဦးက ပြောသည်။

.

အဆိုပါ မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း ငြှိမ်းသတ််ခဲ့ရာ ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မီး ထိန်းနိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။


.

သတင်းဖြည့်စွက်ချက် - မီးလောင်ကျွမ်းမှုမှာ နေအိမ် မီးဖိုချောင်ရှိ ဂက်စ်အိုး ပေါက်ကွဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အိမ်ရှင်ဖြစ်သူတွင် ဝဲ/ယာ လက်မောင်းတို့၌ မီးဟပ်သည့်ဒဏ်ရာ (မစိုးရိပ်ရ)ရရှိကာ မီးလောင်မှုကြောင့် နေအိမ်နှင့် အသုံးအဆောင်ပစ္စည်းများ ကာလတန်ဖိုး ငွေကျပ် သိန်း ၃၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

.



No comments:

Post a Comment

Pages