.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့လယ်ရှိ အများပြည်သူ
လည်ပတ်အပန်းဖြေရာ နေရာတစ်ခု ဖြစ်သည့် မြကန်သာပန်းခြံအတွင်း မော်တော်ဆိုင်ကယ် ခိုးယူခံရမှုများ
မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
.
.ပန်းခြံအတွင်း မော်တော်ဆိုင်ကယ် အပ်နှံသည့်နေရာတွင်
ဇက်သော့ခတ်ထားသည့်ဆိုင်ကယ်များပင် လုံခြုံမှု မရှိသည့်အတွက် ကြိုးသော့များဖြင့် ထပ်မံခတ်ထားရန်
ကြော်ငြာဆိုင်းဘုတ်များဖြင့် သတိပေးထား ရကြောင်း သိရသည်။
.
“ပန်းခြံထဲမှာ ဆိုင်ကယ်ထားမယ်ဆိုရင် ဇက်သော့ခတ်ရုံနဲ့တော့
စိတ်မချရတော့ဘူး။ ကြိုးသော့တွေနဲ့ ဘီးမှာ ခတ်ထားမှရမယ်။ ဒါတောင်စိတ်ချရပါ့မလား မပြောတတ်ပါဘူး”
ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုအခါ နွေရာသီကျောင်းပိတ်ရက်ကာလ ဖြစ်သည့်အတွက်မြကန်သာပန်းခြံသို့
လာရောက်လည်ပတ်သူ များပြားသည့်အပြင် ကျန်းမာရေးလေ့ကျင့်ခန်း လုပ်သူများလည်း များပြားသည့်အတွက်
လူစည်ကားမှုကို အခွင့်ကောင်းယူကာ မော်တော်ဆိုင်ကယ် ခိုးယူသူများက အလစ်ဝင်ရောက် ခိုးယူနေခြင်း
ဖြစ်နိုင်ကြောင်း မြို့ခံများက သုံးသပ်ပြောဆိုကြသည်။
.
“မြကန်သာပန်းခြံမှာ ဆိုင်ကယ်အပ်ခက ၅၀၀ ပေးရတယ်။ ဖြစ်သွားရင်
ဘယ်သူမှ တာဝန်ယူတာ မဟုတ်ဘူး။ ခိုးသွားရင်လည်း ပြန်ရဖို့ လမ်းမမြင်တော့ ကြိုးသော့တောင်
ရှေ့ဘီး၊ နောက်ဘီး ခတ်ရမယ့်ပုံစံ ဖြစ်နေတယ်” ဟု တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်နေ
အမျိုးသား တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်ရှိ လူစည်ကားရာ နေရာများဖြစ်သည့်ဈေးကြီးများနှင့်
ပန်းခြံများအပါအဝင် နေရာ အစုံတွင် အလစ်အငိုက်ကိုစောင့်၍ မော်တော်ဆိုင်ကယ် ခိုးယူမှုများ
မကြာခဏ ဖြစ်ပေါ်နေခြင်းကြောင့် သတိပြုရန် လိုအပ်နေကြောင်း သိရသည်။
.



No comments:
Post a Comment