၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့ မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေး၌ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် က လွှတ်တော်ရေးရာကော်မတီ ၄ ခု၏ အမည်စာရင်းကို လွှတ်တော်သို့ တင်သွင်းခဲ့သည်ဟု သိရသည်။
.
လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကထံမှ ပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ က လွှတ်တော်သို့ ဖတ်ကြား တင်ပြပြီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်လွှတ်တော် ဒုဥက္ကဌ စိုင်းထွန်းစိန် က ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ကော်မတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီနှင့် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီတို့၏ သက်တမ်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် လျာထားချက်များနှင့် စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းခြင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ကော်မတီ တစ်ခုချင်းစီ၏ ထည့်သွင်းဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဌ အဖြစ် ဟိုပုံးမြို့နယ် ကိုယ်စားလှယ် အမှတ်(၂) ဦးဒီဂေါလ်၊ အတွင်းရေးမှူး အဖြစ် မိုင်းယန်းမြို့နယ် ကိုယ်စားလှယ် အမှတ်(၁) စိုင်းလှိုင်ခမ်း နှင့် အဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း ၁၂ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ကော်မတီ ဥက္ကဌ အဖြစ် မောက်မယ်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) ခွန်ဟန်သိန်းဦး၊ အတွင်းရေးမှူး အဖြစ် မိုးမိတ်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) စိုင်ခမ်းကျော် နှင့် အဖွဲ့ဝင် ၁၃ ဦး၊ စုစုပေါင်း ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ ဥက္ကဌ အဖြစ် လားရှိုးမြို့နယ်ကိုယ်စားလှယ် အမှတ်(၂) ဦးခင်အောင်ဆွေ၊ အတွင်းရေးမှူး အဖြစ် မိုင်းတုံမြို့နယ် ကိုယ်စားလှယ်(၁) စောမူးလာ နှင့် အဖွဲ့ဝင် ၄ ဦး၊ စုစုပေါင်း ၆ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဌ အဖြစ် ရပ်စောက်မြို့နယ်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်ကျော်ညွန့်၊ အတွင်းရေးမှူး အဖြစ် မိုင်းတုံမြို့နယ် ကိုယ်စားလှယ်(၂) ဦးထင်အောင်နိုင် နှင့် အဖွဲ့ဝင် ၉ ဦး၊ စုစုပေါင်း ၁၁ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း ကော်မတီဝင်များနှင့် ပတ်သက်၍ မတ်လ ၃၀ ရက်တွင် ပြုလုပ်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသော ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့်အနက် ယနေ့ ကျင်းပသော အစည်းအဝေး ဒုတိယနေ့သို့ လွှတ်တော်ကိုယ်စားလှယ် ၁၂၈ ဦး တက်ရောက်ပြီး ၄ ဦး ခွင့်ပန်ကြားခဲ့ရာ ၉၆ ဒသမ ၉၇ ရာခိုင်နှုန်း အစည်းအဝေး တက်ရောက်ကြောင်း သိရသည်။
.
#KBZTai #Shan #Parliament


No comments:
Post a Comment