အွန်လိုင်း လောင်းကစားဂိမ်းများကြောင့် ပစ္စည်းခိုးယူမှု များပြားလာနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, March 26, 2026

အွန်လိုင်း လောင်းကစားဂိမ်းများကြောင့် ပစ္စည်းခိုးယူမှု များပြားလာနေ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်


အွန်လိုင်း လောင်းကစားဂိမ်းများကြောင့် ပစ္စည်းခိုးယူမှုများ များပြားလာနေပြီး ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော မော်တော်ဆိုင်ကယ် ခိုးယူခံရမှုနှင့် ပစ္စည်းခိုးယူခံရမှုများတွင် အွန်လိုင်း လောင်းကစားဂိမ်းများနှင့် ဆက်စပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

အွန်လိုင်းလောင်းကစား ပြုလုပ်သူအချို့သည် ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက် များပြားလာပါက ငွေဖြစ်လွယ်သည့် လက်ကိုင်ဖုန်းနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများအပြင် အလစ်အငိုက်ကို စောင့်၍ မော်တော်ဆိုင်ကယ် ခိုးယူမှုများ ကျူးလွန်နေကြကြောင်း သိရသည်။


“အခု လူတော်တော်များများက ဖုန်းနဲ့ ကျွဲဂိမ်းတွေ ဆော့ကြတာ များတယ်။ တချို့ဆို ဘာအလုပ်မှ မရှိ၊ ဘာဝင်ငွေမှ မရှိဘဲနဲ့ နေ့တိုင်းဆော့နေကြတာပေါ့။ ဂိမ်းရှုံးတာ များလာရင် ရပ်ကွက်ထဲ ဘာပစ္စည်းမှကို အလွတ်မပေးတော့ဘူး။ ရောင်းစားလို့ရတဲ့ဟာ အကုန်ကို ခိုးနေကြတော့တာ” ဟု တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အွန်းလိုင်း လောင်းကစားဂိမ်းများကို လူငယ်လူရွယ်များအပြင် သက်ကြီးပိုင်းများပါ ကစားသည့် အတွက် ပြည်သူများအကြား လူနေမှုဘဝ ထိခိုက်မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။


“အခု ကျွဲဂိမ်းတွေက လူကြီးပိုင်းတွေပါ ကစားလာကြတာပေါ့။ ရှုံးတာ များလာရင် ရှိတာရောင်းစားပြီးကို ဆော့နေကြတာ။ တချို့ ဒီကျွဲဂိမ်းကြောင့် ဘဝပျက်သွားတာတွေ ရှိတယ်” ဟု အခြား တောင်ကြီးဒေသခံ တစ်ဦးကလည်း ဆိုသည်။

.

အွန်လိုင်းလောင်းကစား ဂိမ်းများကို ဆော့ကစားသူ များပြားလာနေပြီး လူနေမှုဘဝများကို ထိခိုက်ပျက်စီးနေသော်လည်း ထိန်းချုပ်တားဆီးမှု မရှိသည့် ဂိမ်းတစ်ခုအဖြစ် ရှိနေကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

.

#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages