တောင်ကြီးမြို့၊ စူဠာမုနိစေတီတော် အဆင်းလမ်းတွင် အရှိန်လွန်ယာဉ်များ သံတန်းများကို မကြာခဏ ဝင်တိုက်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, March 31, 2026

တောင်ကြီးမြို့၊ စူဠာမုနိစေတီတော် အဆင်းလမ်းတွင် အရှိန်လွန်ယာဉ်များ သံတန်းများကို မကြာခဏ ဝင်တိုက်နေ

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီ အရှေ့ဘက်ရှိ အဆင်းလမ်းတွင် မော်တော်ယာဉ်အချို့သည် အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးရှိ အကာအရံ သံတန်းများကို ဝင်တိုက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

.

အဆိုပါ စူဠာမုနိ အဆင်းလမ်းရှိ လမ်းကွေ့ နေရာတွင် အရှိန် မထိန်းနိုင်သည့် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များ မကြာခဏ တိမ်းမှောက်မှုနှင့် အကာအရံ သံတန်းများကို ဝင်တိုက်မှု ဖြစ်ပွားတတ်သည့် အတွက် သတိပြုမောင်းနှင်ရန် လိုအပ်ကြောင်း သိရသည်။

.

“စူဠာမုနိ အဆင်းလမ်းက လမ်းကွေ့နားမှာ ဆိုင်ကယ်တွေ ခဏခဏ မှောက်တယ်။ အရှိန် မထိန်းနိုင်တဲ့ ကား၊ ဆိုင်ကယ်တွေက လမ်းဘေးက ကာထားတဲ့ သံတန်းတွေကို တိုက်တာလည်း ခဏခဏပဲ။ လမ်းကောင်းတယ် ဆိုပြီး အဆင်းကို အရမ်းမောင်းကြတော့ အရှိန် မထိန်းနိုင်တာပါ” ဟု တောင်ကြီးမြို့နေ ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။


မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ အနေဖြင့် ယင်းလမ်းမပေါ် မောင်းနှင်ချိန်တွင် အရှိန်လျှော့ မောင်းနင်ရန် လိုအပ်ပြီး ယာဉ်တိုက်မှုအန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

ထို့အပြင် ယင်းလမ်း၏ အနောက်ဘက်ရှိ အတက်လမ်းတွင်လည်း မော်တော်ဆိုင်ကယ် အချို့က လမ်းပြောင်းပြန် ဝင်ရောက် မောင်းနှင်တတ်သည့်အတွက် ယာဉ်တိုက်မှု အန္တရာယ်ကို စိုးရိမ်နေရကြောင်း သိရသည်။

.

#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages