.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ တိုင်းတာချက်အရ တာချီလိတ်မြို့၏
ဝန်းကျင်လေထု အရည်အသွေးမှာ သာမန်လူများကိုပင် ကျန်းမာရေး ထိခိုက်စေနိုင်သော
အနီရောင်အဆင့်သို့ ရောက်ရှိနေသည်ဟု သိရသည်။
.
,တာချီလိတ်မြို့၊ စိုက်ခင်းလမ်း၊
မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံး၊ တည်နေရာအမှတ်
(202713 N, 995410 E) တွင်
လေထုအရည်အသွေးတိုင်းတာစက် BAM 1022 Portable Beta
Attenuation Mass Monitor ဖြင့် မတ်လ ၂၆ ရက်မှ ၂၇ ရက်နေ့ နံနက် ၇
နာရီ အချိန်ထိ၂၄ နာရီကြာ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်း (AQI)
အခြေအနေသည် (၁၉၈) အနီရောင်အဆင့်၌ ရှိနေ၍ ကျန်းမာရေးကို
ထိခိုက်စေနိုင်သော အဆင့်ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။
.
တိုင်းတာမှု သတ်မှတ်ချက်များမှာ AQI တန်ဖိုး 0 မှ 50 အတွင်းသည် လေထုအရည်အသွေး ကောင်းမွန်ပြီး 51 မှ 100 အတွင်းသည် အသင့်အတင့်ဖြစ်ကာ 101 မှ
150 အတွင်းသည် ခံနိုင်ရည်နည်းပါးသော အုပ်စုများ (ဥပမာ- ကလေးငယ်များ၊
သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ရောဂါအခံရှိသူများ) အတွက်
ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု သိရသည်။
.
AQI တန်ဖိုး 151 မှ 200 အတွင်းရောက်ရှိပါက
သာမန်လူများကိုပင် ကျန်းမာရေး ထိခိုက်စေနိုင်သည်ဖြစ်ရာ လက်ရှိ တာချီလိတ်မြို့၏ လေထုအရည်အသွေးမှာမှာ
198 ရှိနေသဖြင့် အထူးသတိ ပြုရန်လိုအပ်ပြီး အပြင်ထွက်ပါက နှာခေါင်းစည်း (Mask) တပ်ရန် လိုအပ်ကြောင်း သိရသည်။
.
AQI တန်ဖိုး 201 မှ 300 ကျော်အထိ ရောက်ရှိပါကက
အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ အန္တရာယ် ရှိကြောင်း သိရသည်။
.
ထို့ကြောင့် AQI တန်ဖိုးနည်းခြင်းသည်
လေထုသန့်ရှင်းသည်ဟု သတ်မှတ်နိုင်ပြီး AQI တန်ဖိုးများလာသည်နှင့်
အမျှ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိရသည်။
.
တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ
AQI အညွှန်းကိန်းများ၏ လေထုအရည်အသွေး အဆင့်အလိုက်
ကျန်းမာရေးအပေါ် သက်ရောက်နိုင်သည့် အခြေအနေကို အများပြည်သူ အလွယ်တကူ နားလည်စေရန်
အရောင်များဖြင့် ဇယားအတိုင်း ခွဲခြားဖော်ပြထားသည်။
.
လေထုအပူချိန်၊ လေတိုက်နှုန်း၊
လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊
မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့်
ဖုန့်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့်
ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍
တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေး ရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ကြောင်း
သိရှိရသည်။
.



No comments:
Post a Comment