တောင်ကြီးမှ မီးဘေးသင့်အိမ်ထောင်စု ၂ စုအား ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က အလှူငွေနှင့် စားနပ်ရိက္ခာများ လှူဒါန်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, March 28, 2026

တောင်ကြီးမှ မီးဘေးသင့်အိမ်ထောင်စု ၂ စုအား ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က အလှူငွေနှင့် စားနပ်ရိက္ခာများ လှူဒါန်း

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်

.

တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု ၂ စုအား ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက် ဦးဆောင်နာယကကြီး ဦးအောင်ကိုဝင်း၏ လမ်းညွှန်မှုဖြင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်က ယနေ့ မတ်လ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် အလှူငွေနှင့် စားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်ဟု သိရသည်။

.

.

ထိုသို့ လှူဒါန်းရာတွင် မီးဘေးသင့် အိမ်ထောင်စု ၂ စုအား ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ဘာလချောင်ကြော်၊ ခေါင်းအုံး၊ ခြင်ထောင်နှင့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၀ သိန်းစီဖြင့် စားနပ်ရိက္ခာနှင့် အလှူငွေ စုစုပေါင်း ၂၄၂၇၀၀၀ ကျပ်အား ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ရှင်ဖြစ်သူ ဦးအောင်မြင့်စိုးမှာ ထိခိုက်ဒဏ်ရာများ ရရှိကာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

.

ဓါတ်ပုံ - ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်

.


No comments:

Post a Comment

Journal Download

Photo of three cats

Pages