အင်းလေးဒေသ မီးဘေးသင့်ပြည်သူများအား ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က စားနပ်ရိက္ခာ ထောက်ပံ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, March 29, 2026

အင်းလေးဒေသ မီးဘေးသင့်ပြည်သူများအား ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က စားနပ်ရိက္ခာ ထောက်ပံ့

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ တုံးလည်ကျေးရွာအုပ်စု၊ တောင်ပို့ကြီး ကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၃ စုတို့အား ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က ယမန်နေ့ မတ်လ ၂၈ ရက်တွင် စားနပ်ရိက္ခာနှင့် အလှူငွေများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်ဟု သိရသည်။

.

.

ညောင်ရွှေမြို့နယ် အောင်စီဂျင်နှင့် လူမှုကူညီရေးအသင်း၏ တင်ပြအကူအညီတောင်းခံလာချက်အရ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်က မီးဘေးသင့် မိသားစု ၃ စုအတွက် ဆန် ၆ ပြည် ၅ အိတ်၊ ဆီ (၅၀)သား ၅ ဘူး၊ ငါးသေတ္တာ ဘူး ၃၀၊ ဘာလချောင်ကျော် အထုပ် ၃၀၊ ခေါင်းအုံး ၉ လုံး၊ ခြင်ထောင် ၃ လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၅၃၇၅၀၀ ကျပ်အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

.

ထို့အပြင် ညောင်ရွှေမြို့ အောက်စီဂျင်နှင့် လူမှုကူညီရေးအသင်းမှလည်း အများပြည်သူလှူဒါန်းပေးထားသော ဆန် (၂၄) ပြည်အိတ် ၃ အိတ်၊ အားကစားအင်္ကျီ ၁၅ ထည်၊ စောင် (အထူ/အပါး ) ၁၅ ထည်၊ တန်ဖိုးငွေ ၁၀၇၀၀၀၀ ကျပ်အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

.

ညောင်ရွှေမြို့နယ်၊ တုံးလည်ကျေးရွာအုပ်စု၊ တောင်ပို့ကြီးကျေးရွာတွင် မတ်လ ၂၄ ရက်၊ ညပိုင်းက ဝါယာရှော့ခ်မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

.

ဓါတ်ပုံ - ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages