.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မတ်လ
၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် နေအိမ်ဖောက်ထွင်း ခိုးယူသူများ၏ စစ်ဆေးထွက်ဆိုချက်အရ
မော်တော်ဆိုင်ကယ် ၉ စီး ခိုးယူမှုကို ထပ်မံဖော်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
.
.လားရှိးမြို၊ ရပ်ကွက် (၇)၊ အောင်ရတနာလမ်းရှိ
နေအိမ်တစ်လုံးတွင် မတ်လ ၂၅ ရက်က ရွှေဆွဲကြိုးတစ်ကုံး၊ ငွေသား ကျပ်တစ်သိန်း၊
ဘက်ထရီအိုးကြီး ၂ လုံးနှင့် မီးစက်တစ်လုံး ခိုးယူခံရပြီး ဖောက်ထွင်းခိုးယူခဲ့သူ ကျော်ကျော်ဦး
(ခ) ကျော်ကြီးနှင့် မင်းမင်း (ခ) ရခိုင် တိုနှစ်ဦးကို ၎င်းတို့ ခိုးယူသွားသည့်
ပစ္စည်းများ၊ ဖောက်ထွင်းခိုးယူရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ မတ်လ ၂၆
ရက်၊ နံနက်ပိုင်းက ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
.
ဆက်လက်ပြီး အဆိုပါတရားခံများ၏ စစ်ဆေး ထွက်ဆိုချက်အရ
၎င်းတို့ ခိုးယူခဲ့သည့် မော်တော်ဆိုင်ကယ် ၉ စီးကိုပါ ထပ်မံဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.
ပြစ်မှုကျူးလွန်သူ ကျော်ကျော်ဦးနှင့် မင်းမင်း (ခ)
ရခိုင် တို့နှစ်ဦးသည် လားရှိုးမြို့၊ ရပ်ကွက် (၇) အတွင်း ဆိုင်ကယ် ၄ စီး၊ ရပ်ကွက် (၈)
အတွင်း ဆိုင်ကယ် ၂ စီးနှင့် ရပ်ကွက် (၁) အတွင်း ဆိုင်ကယ် ၃ စီး၊ စုစုပေါင်း ၉ စီးကိုခိုးယူ၊
လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဆိုင်ကယ်ခိုးယူခံရသူများအနေဖြင့် မိမိတို့ဆိုင်ကယ်
ဟုတ်/မဟုတ် သက်သေခံအထောက်အထား များဖြင့် လားရှိုးမြို့မရဲစခန်းတွင် လာရောက်ကြည့်ရှုစစ်ဆေးနိုင်ပြီး
အမှန်တကယ် နစ်နာသူများကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment