.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်
.
တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင်
မတ်လ ၂၉ ရက်မှ စတင်၍ QR စနစ်ဖြင့်သာ ရောင်းချ ပေးသွားမည်ဖြစ်ပြီး
လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီ ရောင်းချပေးတော့မည် မဟုတ်ကြောင်း သိရသည်။
.
.မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား စက်စွမ်းအားအလိုက်
ဝယ်ယူခွင့်ရှိသော ပမာဏ သတ်မှတ်ပြီး ယာဉ်၏ Wheel Tax တွင် ပါရှိသည့်
Hologram အမှတ်အားသား Scan ဖတ်ကာ ယာဉ်နံပါတ်၊
တစ်ပတ် အတွင်း ဝယ်ယူပြီးသည့် ပမာဏ၊ ဝယ်ယူရန်ကျန်သည့် ပမာဏများအတိုင်း QR Code
စနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
“QR Code မပါရင် မရောင်းပေးတော့ဘူး ဆိုတော့
Without စီးနေရတဲ့ အခြေခံလူတန်းစား ပြည်သူတွေ အတွက် အရမ်းခက်ခဲသွားမှာပေါ့။
ပြီးတော့ လယ်ယာလုပ်ငန်းတွေ၊ စက်လှေတို့လို အတွက်လည်း ဆီက ဝယ်လို့မရ ဖြစ်သွားမှာပေါ့”
ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
.
လက်ရှိ တောင်ကြီးမြို့ အပါအဝင် ရှမ်ပြည်နယ်အတွင်းရှိ
မြို့များတွင် စက်သုံးဆီ ဝယ်ယူရရှိနိုင်ရေးအတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရပြီး
ဆီတန်းစီသည့် ကား/ဆိုင်ကယ်တန်းကြောင့် လမ်းပိတ်ဆို့မှု များလည်း ဖြစ်ပေါ်နေသည်။
.
တောင်ကြီးမြို၏ စက်သုံးဆီ
ရည်ညွှန်းဈေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၄၅၇၅ ကျပ်၊ 95 တစ်လီတာလျှင်
၅၁၀၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၅၅၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ လျှင်
၆၂၁၀ ကျပ် ဖြစ်ကာ ပြင်ပတွင် ဓါတ်ဆီတစ်လီတာလျှင် တစ်သောင်းကျပ်ဝန်းကျင်အထိ ပြန်လည် ရောင်းချမှုများ
ရှိနေသည်။
.



No comments:
Post a Comment