တောင်ကြီးမြို့ အဝေရာကွင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များပြားနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, March 17, 2026

တောင်ကြီးမြို့ အဝေရာကွင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များပြားနေ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏ အထင်ကရ‌ နေရာတစ်ခုဖြစ်သည့် အဝေရာမီးပုံးပျံကွင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု များပြားနေသည့်အတွက် အရုပ်ဆိုးအကျည်းတန်နေကြောင်း ဒေသခံများထွက သိရသည်။

.

.

အဆိုပါ အဝေရာမီးပုံးပျံကွင်းအတွင်း နံနက်ခင်းပိုင်းအချိန်တွင် ဈေးရောင်းချမှုများ ရှိပြီး နေ့လယ်ပိုင်းတွင် လာရောက်အနားယူအပန်းဖြေသူများ၊ လေတံခွန်လွှတ်သူများ နေ့စဉ်ရှိနေကာ လာရောက်လည်ပတ်သူ အချို့က စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

.

“ပြောရမယ်ဆိုရင် အားလုံး စည်းကမ်းမရှိလို့ဖြစ်တာ။ ဒီနေရာမှ မဟုတ်ဘူး။ တောင်ကြီးမြို့အနှံ့ အမှိုက် မပစ်ရ ဆိုတဲ့ နေရာတွေမှာကြည့်လိုက် အမှိုက်ပုံတွေပဲဖြစ်နေတာ။ မီးပုံးပျံကွင်းထဲမှာက အမှိုက်တွေ တစ်စစီကို ပွကြဲနေတာပဲ” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ပြည်သူတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

ယင်းကဲ့သို့ အဝေရာမီးပုံးပျံကွင်းအတွင်း အမှိုက်များ ပြန့်ကျဲနေမှုကို စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာ အမှိုက်သိမ်းကုမ္ပဏီတို့က လုပ်ဆောင်ပေးရန် လိုအပ်ပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ထပ်မံမဖြစ်ပွား စေရေးအတွက် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်သင့်သလို ပြည်သူများအနေဖြင့်လည်း စည်းကမ်းများ အတိုင်း လိုက်နာရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

အဝေရာမီးပုံးပျံကွင်းအပြင် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်လမ်းများ၊ အများပြည်သူ သွားလာလည်ပတ်ရာ တောင်ကြီး View Point ကဲ့သို့သော နေရာများတွင်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ရှိနေပြီး မြို့အင်္ဂါရပ်ကို အရုပ်ဆိုးအကျည်းတန်စေသည့်အပြင် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရ ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages