ရှမ်းမြောက်တိုက်ပွဲ နမ့်ခမ်းမြို့သို့ ချဉ်းကပ်လာ၍ ဒေသခံများတိမ်းရှောင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, March 16, 2026

ရှမ်းမြောက်တိုက်ပွဲ နမ့်ခမ်းမြို့သို့ ချဉ်းကပ်လာ၍ ဒေသခံများတိမ်းရှောင်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆

.

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ် MNDAA နှင့် တအာင်းပလောင်တပ် TNLA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ယနေ့ နံနက်ပိုင်းတွင် နမ့်ခမ်းမြို့အနီးသို့ ရောက်ရှိလာနေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။

.

.

“ကိုးကန့်တပ်တွေ ဆယ်လန့်ကို နေ့လယ်က ရောက်ပြီး ဆက်တက်နေတယ်။ အခု မူဆယ်ကို ပြေးလာတာ” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။

.

နမ့်ခမ်းမြို့အနီးထိ ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်ခတ်သည့် ဒရုန်းဗုံးများ ကျရောက်နေခြင်းကြောင့် မြို့ပေါ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ  ဝန်ထမ်းများကို TNLA က တိမ်းရှောင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

.

ယနေ့ မတ်လ ၁၆ ရက် နံနက် ၆ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်)  TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အနီးထိ ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး နမ့်ဖတ်ကာ-နမ့်ခမ်း လမ်းပိုင်းမှတစ်ဆင့် မြေပြင်ထိုးစစ် ချီတက်သွားခဲ့ရာ ဖာလင်၊ မန်အောင်၊ ဆာလုကျေးရွာမှ မူဆယ်နှင့် နမ့်ခမ်းကြားရှိ ဆယ်လန့်အထိ ရောက်ရှိလာကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

.

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ဒေသဖြစ်သည့် သိန္နီ-နားတီးဘက်မှ စစ်ကား ၁၀ စီး၊ လူဦးရေ ၁၀၀ ဝန်းကျင်ပါရှိသည့် ကိုးကန့်တပ်ကူများ နမ့်ခမ်းဘက်သို့ ပို့ဆောင်နေကြောင်းလည်း မြင်တွေ့သူတစ်ဦးက ပြောသည်။

.

မတ်လ ၁၄ ရက်က စတင်ဖြစ်ပွားခဲ့သည့် MNDAA နှင့် TNLA တို့၏ နှစ်ဘက် တိုက်ပွဲများအတွင်း ကိုးကန့် တပ် MNDAA သည် ယမန်နေ့ မတ်လ ၁၅ ရက်တွင် ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးနောက် နမ့်ခမ်းမြို့ကို ချီတက်လာခြင်းဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages