ကျိုင်းတုံမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးသီးများ ကြွေကျ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, March 16, 2026

ကျိုင်းတုံမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးသီးများ ကြွေကျ

.

၂၀၂၆ ခုနှစ် ၊ မတ်လ ၁၆ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စုတွင် ယမန်နေ့ မတ်လ ၁၅ ရက်၊ ညပိုင်းက အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ကြွေကျခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ မိုးရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုကြောင့် ဒေသခံတောင်သူများ၏ စိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

.

“ကျွန်တော့် ပန်ဝိုင် (အောက်) ရွာ နေအိမ် အမျိုးများ၊ လက်ဖက်ခြံများ၊ ကော်ဖီပင်များ၊ လက်ဖက်လှန်းစင် အမိုးများ အားလုံး ပျက်စီးသွားခဲ့ပါတယ်” ဟု လက်ဖက်တောင်သူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

.

စိုက်ပျိုးသီးနှံ ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်သည် ဟု ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်ကျော်မင်းက ပြောဆိုခဲ့သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages