ကျိုင်းတုံ ဓားပြမှု တရားခံများ မမိသေးဘဲ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, March 23, 2026

ကျိုင်းတုံ ဓားပြမှု တရားခံများ မမိသေးဘဲ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထား

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဖြစ်ပွားခဲ့သော လူသတ် ဓားပြတိုက်မှုမှ တရားခံများကို ဖမ်းမမိ သေးဘဲ ကျိုင်းတုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

.

.

ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြို့သစ်ရပ်၊ လမ်းသွယ် (၃) ရှိ နေအိမ်တစ်အိမ်ကို မတ်လ ၂၁ ရက်၊ ညနေပိုင်းက အမည်မသိ လူ ၄ ဦးမှ ဓားပြတိုက်ကာ အိမ်ရှင်ဖြစ်သူအား သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံး မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

.

အမည်မသိ အမျိုးသား ၄ ဦးသည် မတ်လ ၂၁ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က မျက်နှာဖုံးစွပ်လျက် ဓါးနှင့် သေနတ်များကိုင်ဆောင်ကာ အဆိုပါနေအိမ်သို့ ရောက်ရှိလာရာ အိမ်ရှင်ဖြစ်သူ ဦးဝမ်ကျိုင်းက အိမ်ရှေ့ တံခါးမကြီးအား ပြေးပိတ်သဖြင့် အမျိုးသား ၄ ဦးက ခြေထောက်ဖြင့် ကန်ကြောက်ဖွင့်ပြီး အိမ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

.

ထို့နောက် အမည်မသိအမျိုးသား ၄ ဦးအနက်မှ သေနတ်ကိုင်ဆောင်ထားသူက သေနတ်ဖြင့် ချိန်ရွယ်၍ ငွေလွှဲကောင်တာအခန်းတွင်းသို့ ဝင်ရောက်ကာ ရှာဖွေပြီးနောက် ပြန်ထွက်စဉ် အိမ်ရှင် ဦးဝမ်ကျိုင်းက အိမ်အတွင်းရှိ ဓါးရှည်ကိုယူဆောင်၍ ယင်းအမည်မသိအမျိုးသား ၄ ဦးနောက်သို့ လိုက်ရာ သေနတ်ကို င်ဆောင်ထားသူ အမျိုးသားက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးဝမ်ကျိုင်းတွင် ဝမ်းဗိုက်ဝဲဖက် ကျည်ဖောက်ဝင် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဒဏ်ရာရရှိသူ ဦးဝမ်ကျိုင်းအား ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုပေးနေစဉ် ယင်းနေ့ည ၁၀ နာရီကျော် အချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့ရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages