ကွတ်ခိုင်တွင် စစ်ကျန်ဗုံး ပေါက်ကွဲပြီး ၃ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, March 26, 2026

ကွတ်ခိုင်တွင် စစ်ကျန်ဗုံး ပေါက်ကွဲပြီး ၃ ဦး ဒဏ်ရာရ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၂) ရှိ တအာင်း အမျိုးသမီးရေးရာရုံးဝင်းအတွင်း ယမန်နေ့ မတ်လ ၂၅ ရက်၊ နေ့လယ်ပိုင်းက စစ်ကျန်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

ဗုံးမှာ စစ်ဦးထုပ်အောက်တွင် ရှိနေခြင်းဖြစ်ပြီး ယင်းဦးထုပ်ကို သွားရောက်ဖယ်ရှားမိရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပေါက်ကွဲမှုကြောင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၃ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ထင်းသွားရှာရင်းဖြစ်တာ။ အခု ၃ ယောက်လုံးသိန္နီဆေးရုံမှာပါ” ဟု လူမှုရေး ဆရာမတစ်ဦးက ကပြောသည်။

.

ထိခိုက်ဒဏ်ရာရသူ ၃ ဦးတွင် အသက် ၆၃ နှစ်အရွယ် ဒေါ်အေးရွှေသည် နောက်ကျော အစဝင်ဒဏ်ရာ၊ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တွင် ခြေဖမိုးကြေမွဒဏ်ရာနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တွင် လက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

.

စစ်အကြွင်းအကျန် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို တွေ့ရှိပါက မထိမကိုင်ရန်နှင့် နီးစပ်ရာ တပ်စခန်းသို့ အမြန်သတင်းပို့ရန် MNDAA အုပ်ချုပ်ရေးက အသိပေးလျက်ရှိပြီး ကွတ်ခိုင်မြို့ကို လက်ရှိတွင် MNDAA က ထိန်းချုပ်ထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages