တောင်ကြီးမှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ပျောက်ဆုံးနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, March 26, 2026

တောင်ကြီးမှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ပျောက်ဆုံးနေ

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှ လူငယ်တစ်ဦး မတ်လ ၂၄ ရက်၊ ညပိုင်းက ကရင်မရေထွက်အနီးသို့ သွားရောက်ရာမှ ပျောက်ဆုံးနေကြောင်း သိရသည်။

.

.

“၂၄ ရက်၊ ညပိုင်းက အလုပ်ကနေ အစောကြီးပြန်လာပြီးတော့ ပိုက်ဆံတစ်သောင်းတောင်းပြီး သူငယ်ချင်း တွေနဲ့ အပြင်ပြန်ထွက်သွားတာပါ။ ပြီးတော့ သူငယ်ချင်းတွေက ပြန်လာပြီး သူတစ်ယောက်ထဲ ကရင်မ ရေထွက်ဘက်ကို ဆက်သွားရင်းနဲ့ အပြန်မှာ ပျောက်သွားတာပါ” ဟု နီးစပ်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပျောက်ဆုံးသူ လူငယ်မှာ အသက် ၂၁ နှစ်အရွယ်ခန့်ရှိ ကိုမျိုးမင်းသန့် ဆိုသူဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

.

အဆိုပါ ပျောက်ဆုံးလူငယ် ကိုမျိုးမင်းသန့်ကို တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၆၆၉ ၀၀၀ ၅၉၀ နှင့် ၀၉ ၂၅၆ ၄၂၄ ၇၆၄ တို့ထံ ဆက်သွယ်အကြောင်းကြားပေးရန် မိသားစုက မေတ္တာရပ်ခံထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages