.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့
မတ်လ ၂၅ ရက်၊ နံနက်ပိုင်းက ဆိုင်ကယ်ခိုးယူသူ ၄ ဦးကို ခိုးရာပါမော်တော်ဆိုင်ကယ် ၆ စီးနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်ရဲတပ်ဖွဲ့မှူးရုံး၊
မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက
တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ်
ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခဲ့ဖူးသူ ဆောင်းဦး (ခ) သားပုအား
မသင်္ကာဖွယ်တွေ့ရှိ၍ တရုတ်နိုင်ငံထုတ် Kenbo Click အမျိုးအစား
နီ/နက်ရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
.
ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ
ဆိုင်ကယ်ခိုးမှု ကျုးလွန်သူများဖြစ်သည့် ဝေယံထိုက် (ခ) နေမျိုးဦး၊ ကျော်ဇင်ထွေး (ခ) ကပ္ပလီနှင့် ထက်နိုင်ဆွေ (ခ) ထူးထူးတို့အား
ခိုးယူထားသည့် သက်သေခံ ဆိုင်ကယ်မျိုးစုံ ၆ စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ဆိုင်ကယ်ခိုးယူသူ ၄ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ပြီး
ဆိုင်ကယ်ပျောက်ဆုံးသူ များကို ရှာဖွေ၍
ပိုင်ရှင်များထံ ပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.



No comments:
Post a Comment