.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
ပထမပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ကို မတ်လ ၂၆ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး၊
အစည်းအဝေးခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.“မနက်ဖြန် (မတ်လ ၂၆ ရက်) လွှတ်တော်အစည်းအဝေး ရှိပါတယ်။
မနက် ၁၀ နာရီ စမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အစည်းအဝေး ပထမနေ့ကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့ပြီး
ယင်းအစည်းအဝေးတွင် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌအဖြစ် စိုင်းလုံကျော်ကို
လည်းကောင်း၊ ဒုဥက္ကဌ အဖြစ် စိုင်းထွန်းစိန် ကို လည်းကောင်း အသီးသီး ရွေးချယ်
တင်မြှောက်ခဲ့ပြီးဖြစ်သည်။
.
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်သို့
တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ် စုစုပေါင်း ၁၃၂ ဦး ရှိပြီး ပြည်ခိုင်ဖြိုး
ပါတီမှ ၅၉ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ၂ဝ ဦး၊
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) မှ ၁၁ ဦး၊
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ၃ ဦး၊ ဓနုတိုင်းရင်းသား လူမျိုးများ
ဒီမိုကရေစီပါတီမှ ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦး၊ အာခါ
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
၃၃ ဦးတို့ အသီးသီး ပါဝင်ကြောင်း သိရသည်။
.



No comments:
Post a Comment