နောင်တရားတွင် မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Tuesday, March 24, 2026

နောင်တရားတွင် မီးလောင်မှုဖြစ်ပွား

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် ယမန်နေ့ မတ်လ ၂၃ ရက်၊ ညနေပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

နောင်တရားမြို့၊ ရပ်ကွက် (၁) ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ နောင်တရားနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

.

မီးလောင်မှုဖြစ်ပွားသည့်နေရာမှာ ဓါတ်ဆီသိုလှောင်ထားသည့် ဂိုထောင်တစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပြီး မီးလောင်မှုကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

.

အလားတူ တောင်ကြီးမြိုနယ်၊ အေးသာယာမြို၊ (၃)ရပ်ကွက်၊ သရက်ပင်တောရ ဓမ္မရိပ်သာကျောင်းတိုက် အနီးတွင်လည်း ယမန်နေ့ မတ်လ ၂၃ ရက်၊ ညပိုင်းက တောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages