.
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊
အောင်ပန်းမြို့ရှိ ပြည်သာယာဈေး (အောက်ဈေး) လမ်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ
ဦးဆောင်၍ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းလျက် ရှိကြောင်း သိရသည်။
.
.အဆိုပါ အောက်ဈေးလမ်းကို ရှမ်းပြည်နယ်အစိုးရ မတည်ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၊ ပြည်သူလူထု ထည့်ဝင်ငွေ ကျပ်သိန်း ၃၈၀၀၊ စုစုပေါင်း ငွေကျပ် သိန်း ၄၈၀၀ အကုန်အကျခံကာ အရှည် ၁၄၆၀ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၁ ပေ ကွန်ကရစ်လမ်းအဖြစ် ဈေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးကျော် ဦးဆောင်ကာ အဆင့်မြှင့်တင် ခင်းကျင်းနေခြင်းဖြစ်ကြောင်း သိရသည်။
.
“အောက်ဈေးလမ်းက ခင်းသင့်တာ ကြာပါပြီ။
မြန်မာတစ်ပြည်လုံးရဲ့ ကုန်စိမ်း ၇၀ ရာခိုင်နှုန်းလောက်ကို ဒီကနေ ဖြန့်ပေးနေတဲ့
အဓိက လက်ကားဈေးကြီးဖြစ်ပါတယ်။ ကုန်ကားကြီးတွေလည်း အဝင်အထွက် မပြတ်တော့ လမ်းက
အမြဲပျက်စီးတယ်။ အခုလို ကွန်ကရစ်လမ်းခင်းပေးတာ ကောင်းပါတယ်” ဟု အောင်ပန်းဒေသခံတစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်း ပြည်သာယာဈေး (အောက်ဈေး) သည်
ရှမ်းပြည်နယ်ဒေသထွက် ကုန်စိမ်းသီးနှံများဖြစ်သော မုန်ညှင်း၊ ပန်းမုံလာ၊ အာလူး၊
ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ပရဆေး စသည်တို့ကို မြန်မာပြည် အရပ်ရပ်သို့
တင်ပို့ရောင်းချနေသည့် အဓိက ကုန်စိမ်းလက်ကားဈေးဖြစ်ကြောင်း သိရသည်။
.



No comments:
Post a Comment